ep 4🥀

187 24 16
                                    

"မောင် ထတော့လေ ဒီနေ့အလုပ်မရှိဘူးလား"

Fotချက်ပြုတ်ပြီးစီးလို့တောင်မထသေးတဲ့မောင့်ကိုနိုးနေရခြင်းဖြစ်သည်

"အင်းးးးသက်လည်လား"

"မောင်ရယ်သက်လည်မဟုတ်လို့ဘယ်သူဖြစ်ရမှာလဲ"

အိပ်တဝက်နိုးတဝက်နဲ့‌ မေးလာတဲ့မောင်ကြောင့်ကျွန်တော် ရဲ့ကြည်နေတဲ့စိတ်လေးဟာ ရေကြည်ထဲမှာ ထုံးရည်ထည့်လိုက်သလို ချက်ချင်းနောက်ကျိသွားရသည်

"မဟုတ်ပါဘူးသက်လည်ရယ် မောင်ကသက်လည်မှန်းသေချာချင်လို့ပါ၊စိတ်မဆိုးနဲ့နော်"

"မဆိုးဘူး ထရေချိုးသန့်စင်တော့အလုပ်သွားရမှာမလား"

သူ့ကိုစိတ်ဆိုးသွားတယ်ထင်ပြီးချော့နေတဲ့မောင်ကြောင်Fot ကျေနပ်မိပေမယ့် စူပုတ်ပုတ်သာပြောလိုက်သည်

"ပြွတ် မောင့်သက်လည်လေး ချစ်တယ်နော် morning kiss"

သူ့နှုတ်ခမ်းကိုပြွတ်ခနဲတစ်ချက်နမ်းကာ ရေချိုးခန်းထဲဝင်သွားသောမောင်ပါလေ

မောင်ကအဲ့လိုပါဆို သူကိုဘယ်လိုချုပ်ရမလဲအရမ်းသိသည်၊သူရဲ့အဲ့ဒီနူးညံ့တဲ့အပြုမူတွေကြောင့်လဲ ဒီကကောင်ကရင်နာနာနဲ့တွယ်ကပ်နေတာ

ချစ်တယ်မောင်ရဲ့ ကျွန်တော်လည်းရင်နင့်အောင်ပါပဲ

**************

‌ရေချိုးမနက်စာစားပြီးတော့ မောင်ကအလုပ်ရှိသေးတယ်ဆိုပြီး ပြန်ထွက်သွားခဲ့သည် ညတော့ပြန်လာမယ်လို့ပြောတာပဲ

ဒီတပက်တွက်ဝယ်ထားတဲ့စားသောက်စရာနဲ့ချက်စရာတွေကုန်တော့မှာမို့Fotလည်းပြင်ဆင်ကာ  ဈေးသို့ထွက်လာလိုက်သည်
ဂေဟာက စနေ၊တနင်ဂနွေပိတ်တာကြောင့်Fotစာသွားသင်စရာမလိုပေ

Fotဈေးကိုရောက်တော့ လက်ဆတ်တဲ့၊အသီးရွက်နဲ့အသားတချို့ကိုဝယ်ကာကုန်ခြောက်တချို့ကိုပါဝယ်လိုက်သည်

ရေခဲမုန့်ဆိုင်ရှေ့ရောက်တော့ Fotလဲစားချင်လာတာနဲ့ဆိုင်အတွင်းသို့ဝင်ခဲ့သည်

ဆိုင်ထဲမှထောင့်ကျကျဝိုင်းမှာဝင်ထိုင်တော့ စာပွဲထိုးလေးက မီနူးလာချပေးသည်

မောင့်သက်လည်Where stories live. Discover now