ep 5🥀

837 43 45
                                    

Geminiနိုးလာတော့ခေါင်းတွေအရမ်းကိုက်နေသည်၊သူညကအရမ်းသောက်မိလို့အမူးလွန်သွားသည် ၊သူကြည့်မိမှ လူကအိပ်ယာထဲမှာမဟုတ်ဘဲ ဆိုဖာပေါ်မှာဖြစ်နေသည်၊ ညကအကြောင်းကိုပြန်တွေးမိမှသူ့ဦးနောက်ထဲတရိပ်ရိပ်ပေါ်လာသည်၊သူကိုသက်လည်စိတ်ဆိုးသွားသည်ဘဲ၊တခါမှသူ့ပေါ်စိတ်ဆိုး၊စိတ်ကောက်တာမျိုးမရှိခဲ့ဖူးတဲ့သက်လည်က အခုသူ့ကိုစိတ်ကောက်နေသည်၊မဟုတ်ဘူး စိတ်ကိုဆိုးနေပါသည်

မနေ့ကGemချစ်ကိုပြန်ပို့ပေးတဲ့လမ်းမှာ တခြားယောက်ျားတစ်ယောက်နဲ့သက်လည်ကိုကားပေါ်မှတွေ့လိုက်တာကြောင့်စိတ်ကသိပ်မကြည်ချင်တော့
တက်ခေါက်မိလိုက်တဲ့အခါချစ်ကပါ ဘာဖြစ်တာလဲမေးလာတာကြောင့်
သူဘာမှမဟုတ်ဘူးဟုဖြေလိုက်ရသည်၊ထိုအမျိုးသားရဲ့မျက်နှာကိုသေချာမမြင်ရပေမယ့်အရပ်မောင်းက တော်တော်ခန့်တဲ့ပုံဖြစ်သည်

စိတ်ထဲမှာတော့အရမ်းကိုဒေါသထွက်နေပြီးသက်လည်ကို သွားဆွဲခေါ်ချင်မိသည်၊သက်လည်က သူမရှိတော့ တခြားသူနဲ့ဖောက်ပြန်နေပြီလားဆိုတဲ့အတွေးဝင်လာခဲ့သည်၊

အတ္တကြီးတယ်ပဲဆိုဆို သူ‌သာဖောက်ပြန်မယ်၊သက်လည်ကိုတော့အဲ့လိုလုပ်ခွင့်မပြုနိုင်၊ဒါဟာကျွန်တော်သက်လည်ကိုချစ်လို့၊ဘယ်သူ့ကိုမှမပေးနိုင်လို့ပဲ၊သက်လည်ကကျွန်တော်တစ်ယောက်ထဲပဲချစ်ရမည်၊ကျွန်တော်တစ်ယောက်ပဲပိုင်ရမည်၊အဲ့လိုဖြစ်ဖို့လည်းကျွန်တော်ဘာမဆိုလုပ်မည်

ချစ်ကိုပို့ပြီးတာနဲ့ P'Satangရဲ့ဘားကိုထွက်လာခဲ့လိုက်သည်၊သူသောက်မှဖြစ်တော့မည်၊အရက်သောက်ရဲဆေးတင်ကာ သက်လည်နဲ့ဖြေရှင်းရမည်၊သူမူးနေမှသက်လည်ကကြောက်မှာလေ၊ဒါမှမဖောက်ပြန်ရဲမှာ၊ကျွန်တော့်အနားကနေထွက်မသွားရဲမှာ

"ဟေးGem ဆိုင်တောင်မလာတာကြာပီကွာ၊ဇနီးလောင်းလေးနားဘဲကပ်နေတာပေါ့လေ"

သူဆိုင်ထဲဝင်လာတာမြင်တာနဲ့တန်းနှုတ်ဆက်တဲ့သူ့ရဲ့အကိုတစ်ဝမ်းကွဲP'Satangပေါ့၊P'Satangကသူ့မိဘတွေနဲ့အဆက်သွယ်တော်တော်ရှိတဲ့သူဆိုတော့ သူနဲ့ချစ်အကြောင်းကိုသိနေသူလည်းဖြစ်သည်၊သက်လည်နဲ့ကိစ္စကို သူ့အမျိုးရင်းတွေကိုမပြောရဲခဲ့ဘူး၊မိဘတွေနားရောက်သွားမှာဆိုးတာကြောင့်ပေါ့၊P'Satangကိုလည်းမပြောခဲ့တော့သူလည်းမသိဘူးပေါ့

You've reached the end of published parts.

⏰ Last updated: Apr 08, 2024 ⏰

Add this story to your Library to get notified about new parts!

မောင့်သက်လည်Where stories live. Discover now