💜Episode 2💜

358 17 2
                                    



"ဒီတစ်လျောက်လုံးမင်းငါ့အပေါ်ဂရုစိုက်ခဲ့တာတွေက သူငယ်ချင်းသံယောဇဉ်သက်သက်ပဲပေါ့ဟုတ်လားမဏိ.....ဟင်ပြောစမ်းပါ မင်းငါ့အပေါ်ဘာခံစားချက်မှမရှိဘူးလို့ ငါ့မျက်လုံးကိုတည့်တည့်ကြည့်ပြီးပြော....ပြောလေ...."
"အိုး....အမေ့....."
A4စာရွက်ထဲက ဒိုင်ယာလော့တွေကို တစ်ကိုယ်တည်းရွတ်ကြည့်နေရာမှ နောက်ကနေဇွတ်ဝင်တိုးလာတဲ့လူရိပ်ကြောင့် ရှိုင်းလိပ်ပြာလွင့်မတတ်လန့်သွားရသည်...။Script လေ့ကျင့်ဖို့တစ်နာရီအချိန်ပေးလိုက်တာမို့ မရင်းနှီးတဲ့နေရာစိမ်းမှာ လူရှင်းတဲ့နေရာရွေးရင်း နောက်ဆုံး toiletထဲရောက်လာရခြင်းပင်....။
"ဘာ....ဘာလုပ်တာလည်း လူရှိနေတာမမြင်ဖူးလား ရှေ့ကနေဖယ်ပါ ကျွန်တော်အော်လိုက်မှာနော်..."
"အလိုဗျာ သန့်စင်ခန်းထဲ လူရှိတာမြင်နေရအောင်တံခါးတွေကဇကာနဲ့လုပ်ထားတာမလုပ်ဖူးခင်မျ ခင်ဗျားလေးဖာသာ ချက်မချထားပဲ မသိလို့ဝင်လာမိတဲ့လူကို ဘယ်လိုဖြစ်ပြီးရန်လုပ်နေရတာတုန်း...."
ကိတ်စကထိပ်ဝရောက်နေတာမို့ အလောတကြီးသန့်စင်ခန်းအပြေးလာခါမှ ဝင်လိုက်တော့လူရှိနေတာမြင်လိုက်ရတော့ကိုယ်လည်း လန့်သွားတာပဲလေ...ဒါကိုမသိရင်ကိုယ်ကပဲယုတ်မာချင်လို့ သက်သက်လိုက်ဝင်လာသလိုမျိုး မျက်လုံးပြူးမျက်ဆံပြူးနဲ့ရန်တွေ့နေတဲ့ မျက်စိရှေ့က ချာတိတ်ကိုကြည့်ပြီး vita အံ့ဩတကြီးဖြစ်ရပါသည်...
"ဟို....ဆော ဆောရီး...."
ထိုလူပြောတာလည်းမှန်နေတာမို့ အော်ဖို့ပြင်နေရာကနေ ရှိုင်းပါးစပ်ပိတ်သွားရသည်....သူတံခါးချက်ချဖို့မေ့သွားတာပဲ....သေချာမစဉ်းစားပဲ သူများကိုတစ်ဖက်သက်စွပ်စွဲသလိုဖြစ်သွားတာမို့ အားနာမိပေမယ့် ရှေ့ကနေမဖယ်ပဲမျက်မှောင်ကုပ်ကြီးနဲ့ စိုက်ကြည့်နေတဲ့လူကြောင့် စိတ်ထဲတစ်မျိုးဖြစ်လာရသည်...။
"ရန်ကုန်ကလူတွေကအရမ်းလည်တာနော်ချစ် ဘယ်သူ့ကိုမှလွယ်လွယ်မယုံနဲ့ ခေတ်ကကောင်းတာမဟုတ်ဖူး သွားသတိလာသတိ အစစအရာရာဂရုစိုက် လူ့စိတ်ဆိုတာအပေါ်ယံကြည့်ရုံနဲ့သိရတာမဟုတ်ဖူး နင်ကရိုးပုံရိုးအနဲ့ ရောင်းစားခံနေရမယ်...."
အတွေးထဲရုတ်တရတ်ဝင်လာတဲ့မမရဲ့အမှာစကားကြောင့် ရှိုင်း‌ ရှေ့ကလူကိုအလန့်တကြားကြည့်လိုက်မိ‌ေတာ့ ရှုပ်ပွနေတဲ့ဆံပင် အနီးကပ်မြင်‌ေနရတာမို့ ရဲနေတဲ့မျက်လုံးတွေရယ် ညှင်းသိုးသိုးအနံ့အသက်တွေကဘယ်လိုမှ လူတွေ့လာဖြေသူမဖြစ်နိုင်ပါ ဒီentကဝန်ထမ်းတွေကလည်း ဆင်တူဝတ်စုံဝတ်ကြတာမို့ သေချာပေါက်ဝန်ထမ်းလည်းမဟုတ် ဒါဆိုရင်....???
"ဟာ ဟေ့ဟေ့ ဖယ်ပေးမှာပါကွ ဘာလို့ဇွတ်‌ေတွဖြစ်နေတာလည်း...."
ထိုလူစိမ်းရဲ့စကားကိုအရေးမစိုက်ပဲ ရှိုင်းတစ်ယောက် အတင်းတိုးတိုက်ထွက်ကာ လှည့်မကြည့်စတမ်းပြေးတော့သည်...ခုခေတ်ကယောက်ျားလေးချင်းဆိုပြီးလည်းစိတ်ချရတာမဟုတ် ဓါးထောက်ပြီး ယုတ်မာမှဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့လေ.....

...........

Name.......Zaw Shine Htet
Phone......09×××××××××

လက်ထဲက nameတပ်ထားတဲ့ Script စာရွက်ကိုကြည့်ရင်း vita အတွေးများသွားရသည်...ထိုစာရွက်မှာ ခနနေကကိုယ့်ကိုလူယုတ်မာလိုဆက်ဆံသွားတဲ့ ဖြူလုံးလေး ကျကျန်ခဲ့ခြင်းပင်...အ့ဆိုသူလည်းဒီနေ့လူတွေ့လာဖြေတဲ့သူတွေထဲကတစ်ယောက်ပေါ့ နာမည်ကဇော်ရှိုင်းထက်တဲ့လား.... အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကလေးရုပ်တောင်မပျောက်ချင်သေး....ဒါပေမယ့်စွာတော့စွာမယ့်ပုံပင်...
"အဟွန်း ......"
ခုနကကိတ်စကိုပြန်တွေးမိတော့ လူကအလိုလိုရီချင်လာရသည်...သူနဲ့တွေ့မှပဲ ကိုယ့်imageတွေမြောင်းထဲရောက်ပြီး လူလည်း လူယုတ်မာနီးနီး‌ဆက်ဆံခံလိုက်ရသည်လေ...ဘယ်လိုဟာလေးမှန်းကိုမသိဘူး အူတိအူကြောင်နဲ့ ချစ်စရာလေး....
"ဟာ.... ငါဘာတွေတွေးနေတာတုန်း...."
ယောက်ျားလေးတစ်ယောက်ကိုချစ်ဖို့ကောင်းတယ်လို့တွေးလိုက်မိတာ သူ့ဦးနှောက်ကအခန်း‌ေတွများလွတ်သွားပြီလားမသိပါ...ခေါင်းထဲကပေါက်ကရအတွေးတွေကိုခနထုတ်ရင်း လန့်ပြီးမေ့သွားတဲ့ ကိတ်စကိုအမြန်ဖြေရှင်းရတော့သည် ....သူတော်တော်အောင့်နေပြီလေ....။

.......

နည်းနည်းတိုသွားတယ်ရှင့်။ စာလုံးပေါင်းမှားနေတာတွေရှိရင် သည်းခံပေးပါနော် နောက်ဆိုပိုဂရုစိုက်ပါ့မယ်ရှင့် 🤍🤎

Overcoming A WallOpowieści tętniące życiem. Odkryj je teraz