115 - ဗျူဟာများ

397 55 3
                                    

(ကိုယ်လုပ်တော်က မိစ္ဆာဧကရီဖြစ်လာနိုင်သလား)

ထန်ထိုင်ကျင့် ထွက်သွားပြီးနောက် စူးစူးနှင့် ချုံးယွီတို့သည် နန်းဆောင်အခန်းအတွင်းရှိ အစီအရင်ရှိရာနေရာ၏ ဝင်ပေါက်ကို အမြန်ရှာဖွေကြတော့သည်။

"ကြီးကျယ်လေးနက် နဝမဆုံလည်ပြန်လှည့် အစီအရင် မဟုတ်ဘူး၊ အဲ့ဒါက သတ်ဖြတ်ခြင်း အစီအရင် ဖွဲ့စည်းမှုပဲ" လို့ စူးစူးက ရက်စက်ကြမ်းကြုတ်တဲ့ သားရဲ ၄ ကောင်ရဲ့ ပုံစံတွေကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ "စစ်ယင်း က သတိကြီးတဲ့သူတစ်ယောက်ပဲ။ သူ အရင်က မိစ္ဆာငယ်တွေကို ရောင်ပြန်ထင်ဟပ်တဲ့ ပုံရိပ်တွေပဲ ပြခဲ့ဖူးတာ။ "

ချုံးယွီ က "သူတို့အားလုံး ရေထောင်ထဲမှာရှိနေတုန်း တခြားနေရာကို သွားကြည့်ရအောင်"

"ကောင်းတယ်။"

စူးစူး သည် ထန်ထိုင်ကျင့် ၏ အိပ်ခန်းမှ ထွက်ခွာခါနီးတွင် ရုတ်တရက် သူမ၏ မျက်လုံးများက သပ်ပုံသဏ္ဍာန် ကျောက်ထိုင်ခုံပေါ် ရောက်သွားသည်။

"စူးစူး ဘာဖြစ်လို့လဲ"

စူးစူးရင်ထဲတွင် သူမ ကံကောင်းသွားသည်ဟု ခံစားလိုက်ရသည်။ ကုံးယွိ သည် ရှေးခေတ်က လျှို့ဝှက်လမ်းကြောင်းများ ဖွင့်ရာတွင် အသုံးပြုလေ့ရှိသော ဤလက်ကိုင်အမျိုးအစားများအကြောင်းကို သူမအား ပြောပြပေးခဲ့ပုံရသည်။

သူမ သည် လက် ၂ ဖက်က လက်ချောင်းများကို အချင်းချင်း လက်ယှက်လိုက်ကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ မှိန်ပြပြ အဖြူရောင်အလင်းက သူမလက်ကို ငုံလျှက် ထွက်ပေါ်လာသည်။ အဌဂံပုံ'ဘု'၏ အတက်အလက် ၈ ခုကို တစ်ခုလျှင် ၃ ကြိမ်စီဖြင့် ဦးတည်ရာ အရပ် ၈ မျက်နှာ အသီးသီးသို့ လှည့်လိုက်သည်။ "ကျွီ" ကနဲ အသံမြည်သွားပြီးနောက် လူတစ်ယောက်သာ ဖြတ်သွားနိုင်သော ဝင်ပေါက်တစ်ခု ထွက်ပေါ်လာလေသည်။

စူးစူး သတိထားပြီး လျှောက်ဝင်လာသည်။

လိပ်ပြာအသွင်ပြောင်းထားသော ချုံးယွီက တောက်ပသော အဖြူရောင်အလင်းများ ထုတ်လွှင့်ပေးနေသည်။ စူးစူးသည် မူလက ကြီးကျယ်လေးနက် နဝမဆုံလည်ပြန်လှည့် အစီအရင်ကို ထိုနေရာ၌ တွေ့ရလိမ့်မယ်လို့ ထင်ထားခဲ့သော်လည်း လျှို့ဝှက်ခန်းထဲတွင် အကျဉ်းခန်းတစ်ခန်း ရှိနေလိမ့်မည်ကို မမျှော်လင့်ထားခဲ့ချေ။

Till The End Of The Moon [Black Moonlight Holds BE Script] Myanmar Translation Where stories live. Discover now