Give Me Your Love
"ကိုကို"
"ဟယ်ရာ.. "
"ဟယ်ရာတို့ စကားပြောရအောင် ကိုကို.."
"မင်းနဲ့ ကိုယ့်ကြားမှာ ဘာမှပြောစရာမရှိဘူး ဟယ်ရာ"
"ဒါပေ့မယ် ဟယ်ရာမှာ ပြောစရာ ရှိတယ် ကိုကို..ဟယ်ရာ ကိုကိုကို့ချစ်တယ် ..ဟယ်ရာ ကိုကိုနဲ့ လမ်းမခွဲဘူး ဟယ်ရာတို့ပြန်တွဲရအောင်နော်.. နော်..ကိုကို"
"ဟယ်ရာ အစကတည်းက ငါ့တို့ကအပျော်တွဲတာပဲလို့ပြောပြီးသား အဲတာကိုမင်းကိုယ်တိုင်ပဲလက်ခံခဲ့တာ "
"အဲတာ ဟယ်ရာ က ကိုကိုအနားမှာရှိနေချင်လို့လေ..အခုဟယ်ရာက ကိုကိုမရှိရင်မဖြစ်တော့ဘူး..ဟယ်ရာဆီပြန်လာခဲ့ပါ ကိုကိုရယ်"
"မင်းနဲ့ငါ့ကပြီးသွားပြီ အခုငါ့မှာဆိုင်သူရှိနေပြီ"
jk ကပြောပြီး ဆိုင်ကယ်နဲ့မောင်းထွက်သွားသည်
"ကိုကို....ကိုကို...."
....................................
jimin တယောက်အချိန်တော်ကြာတဲ့အထိ Jeon မရောက်လာသေးတာကြောင့် စိုးရိမ်နေမိသည် ဖုန်းဆက်ရင်းလည်း ဆိုင်ကယ်မောင်းနေတာကြောင့်တစ်ခုခုဖြစ်မှာလည်းစိတ်ပူရသေးသည်
ဒေါက်..ဒေါက်..
ရုတ်တရက် ကားမှန်လာခေါက်တာကြောင့်Jimin လန့်သွားသည် နောက်မှ Jeon ရောက်လာပြီထင်တာကြောင့် ကားမှန်ကိုချလိုက်တော့
"ညီလေး..ကားပျက်နေတာလား"
"ဟုတ်..ဟုတ်တယ်ဗျ.."
"အစ်ကိုတို့ ကူညီပေးရမလားညီလေး.."
"နေ..နေပါစေ.."
အမှူးသမားနှစ်ယောက်က သူကိုကူညီဖို့ပြောတာကိုjimin ငြင်းလိုက်သည် ဘယ်လောက်သောက်ထားကြလဲမသိ အရက်နံ့ကလှိုင်ထနေတာကြောင့် Jimin အန်ချင်စိတ်တောင်ဖြစ်မိသည်
"အစ်ကိုတို့ အိမ်ပြန်လိုက်ပို့ပေးရမလား ညီလေး"
"ရပါတယ်.. "
"လာပါ ကိုကြီးလည်းလမ်းကြုံတုန်း..လိုက်ပို့ပါရစေ"
ကားတံခါးကိုအတင်းဆွဲဖွင့်လာကြောင့် jimin အမြန်လော့ချလိုက်သည်
jimin လည်းကြောက်တာကြောင့် Jeon ရောက်လာပါစေလို့သာ ဆုတောင်းနေမိလိုက်သည်