Episode -4

568 79 14
                                    

Unicode >>

Give me your love

တစ်လခန့်ကြာပြီး-

jimin နဲ့ Jeon နဲ့လက်ထပ်တာ တစ်လရှိသွားပြီ တစ်လအတွင်းဘာတွေဖြစ်ခဲ့လည်းဆိုရင် ဦးလေးက ကင်ဆာနဲ့ဆုံးသွားခဲ့တယ် ဦးလေးဆုံးပြီးနောက် jimin မှာအလုပ်များပိုခဲ့ရသည်

ကုမ္ပဏီကို မဦးစီးနိုင်ဘူးလို့ jeon ကပြောလာကြောင့် jimin မှာ ဆေးခန်းတဖက် ကုမ္ပဏီတဖက် ကြည့်နေရသည် ဒီကြားထဲ jeon ရဲ့ရန်ပွဲတွေလည်းဖြေရှင်းပေးရသည် ဆေးခန်းက မင်္ဂလာ လက်ဖွဲ့အဖြစ် ဦးလေး ကိုယ်ပိုင်ဆေးခန်း ပေးထားခြင်းပင်

"ဟူး..."

jimin တယောက် ထိုင်ခုံကိုမှီထားရင် မျက်လုံးများခဏမှိတ်ထားလိုက်သည် သူတော်တော်ကို ပင်ပန်းနေပြီ အခုလည်း ဆေးခန်းက စနေ့နေ့တိုင်း အခမဲ့ဆေးပေး ဆေးစစ်ပေးတာကြောင့် jimin တမနက်လုံးအလုပ်ရှုပ်နေသည် နေ့လယ်စားတောင် အမြန်စားပြီ လူနာတွေဆက်ကြည့်ပေးနေသည် အခုမှ သူ့နားနေခြင်းပင်..

ring...ring..

ဖုန်းမြည်ကြောင့် jimin ဖုန်းကောက်ကိုင်လိုက်သည်

"Hello.."

"......."

"ဗျာ..ဟုတ်..ကျွန်တော် အခုလာခဲ့ပါမယ်.."

ဖုန်းကျပြီးသွားတဲ့နောက် jimin ဂျုတီကုတ်ကိုချွတ် ကားသော့ကိုဆွဲပြီးထွက်သွားလိုက်သည် ဆေးခန်းက သူနာပြုလေးတွေလည်း မှာစရာရှိတာမှာထားပြီ ထွက်လာလိုက်သည်

jimin စိတ်ထဲ ဟို လူဆိုးကောင်သာ ဒေါသထွက်နေမိသည် အခုလည်းဘာတွေပြဿနာရှာလိုက်လဲမသိဘူး ရဲစခန်းရောက်နေတယ်တဲ့

ရဲစခန်းကိုရောက်ရင်ပဲ jimin အမြန်ဝင်သွားလိုက်သည်

"ရဲမှူးဗျ ကျွန်တော် Jeon Jung Kook ရဲ့အုပ်ထိန်းသူပါ "

"သြော် ဟုတ်..ဒီမှာ လက်မှတ်ထိုးပေးပါ ပြီးရင် ခေါ်သွားလို့ရပါပြီ"

jimin လည်းလက်မှတ်အမြန် ထိုးလိုက်သည် ခဏကြာနေ Jeon က သူနားရောက်လာသည်

"Jeon.."

"ခင်ဗျား ဘာလို့ လာရတာတုန်း.."

"မင်းကို လာခေါ်တာ.."

GIᐯE ᗰE YOᑌᖇ ᒪOᐯE (Ongoing)Where stories live. Discover now