Chapter 88

1.7K 215 0
                                    

Unicode

လော့ချယ်က မျက်၀န်းတွေကိုကျဉ်းမြောင်းလိုက်ပြီး လင်ချန်အန်းရဲ့ ရန်ဆွမှုကို ပြန်ဖြေတော့မယ့်အချိန်မှာ ကုမျန်က ကလေးလေးဆီကိုသွားဖို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးသွားပြီပင်။ သူမက ကိုယ်ကိုအနည်းငယ်ငုံ့ကိုင်းလိုက်ပြီး ရုပ်လုံးကြွအသက်၀င်နေပုံရတဲ့ ဝါးပုစဉ်းလေးကို ကောင်ကလေးဆီ ကမ်းပေးလိုက်တယ်။

ကုမျန်က ငယ်ငယ်လေးကတည်းက လူအိုကြီးနောက် အချိန်အတော်ကြာအောင် လိုက်ခဲ့ရတာကြောင့် လက်လုပ်ပစ္စည်း လုပ်တဲ့နေရာမှာ အရမ်း‌တော်တယ်။ သူမလက်ထဲက ထွက်လာတဲ့ အရာငယ်လေးတွေအားလုံးက အသက်၀င်နေပုံရပြီး ရုပ်လုံးကြွလှတယ်။

ကောင်လေးရဲ့မျက်၀န်းတွေက ဝါးပုစဉ်းကိုမြင်ပြီးနောက် တောက်ပလာခဲ့တယ်။
ရွာက အရမ်းခေတ်နောက်ကျပြီး အရုပ်ရောင်းတဲ့ နေရာလည်း မရှိဘူး။ ဒါကြောင့် ဒီချစ်စရာကောင်းတဲ့အရာလေးကို သူ မွေးပြီးကတည်းက ပထမဆုံးအကြိမ် မြင်ဖူးတာပင်။

လော့ချယ်က ကောင်ကလေးလိုပဲ အံ့သြသွားတယ်။

ကုမျန်က သူတူးဖော်ဖို့စောင့်နေတဲ့ အဆုံးမရှိတဲ့ ရတနာလေးလိုပဲ။

လော့ချယ်က တာဝန်ကိုလွှတ်ချလိုက်ပြီး သူမကို အေးအေးဆေးဆေး ကြည့်လိုက်တယ်။

ကုမျန်က ကောင်ကလေးရဲ့ မျက်၀န်းတွေထဲက ဆန္ဒကို မြင်လိုက်ရတယ်။ သူမက အသာအယာပြုံးပြလိုက်ပြီး ကလေးရဲ့လက်ကိုဆွဲကာ သူ့လက်ဖဝါးပေါ် ဝါးပုစဉ်းကို ဂရုတစိုက်တင်ပေးလိုက်တယ်။"ဒါက မင်းအတွက်ပဲ"

ကောင်ကလေးက ပါးစပ်ကိုဖွင့်ပြီး သူ့နှလုံးသားထဲမှာ ရုန်းကန်နေပေမယ့် နောက်ဆုံးမှာတော့ ဝါးပုစဉ်းကိုငြင်းဆန်ဖို့ ကျရှုံးသွားတယ်။

သူက ဒီအရာလေးကို မတော်တဆ ဖျက်ဆီးမိသွားမှာကြောက်သလိုမျိုး ဝါးပုစဉ်းကို လက်နဲ့ ဂရုတစိုက် ကိုင်ထားတယ်။

ကုမျန်က ပြုံးပြီး ဒီဝါးပုစဉ်းလေးကို ဘယ်လိုကစားရမလဲဆိုတာ ကောင်ကလေးကို စတင်သင်ပေးတော့တယ်။ "မင်းလက်နဲ့ပွတ်လိုက်ပြီး နောက်တော့ လွှတ်ပေးလိုက်ရင် အဲ့ဒါက ပျံသန်းနိုင်တယ်လေ"

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now