လူကောင်သေးသေးလေးကို ကားပေါ်ကနေ ပွေ့ချီ၍ အိမ်ထဲသို့ ဝင်သည်။ မမကို ချီထားစဥ် သူ့လက်တွေ တုန်ယင်နေသည်။ မွေ့ရာပေါ် အသာအယာပဲ မမရဲ့ခန္ဓာကိုယ်လေးကို ချလိုက်သည်။ မမ နိုးမလာပါ .. မမဘေး ကုတင်စွန်းမှာ တင်ပါးလွှဲထိုင်ပြီး မမမျက်နှာလေးကို ကြည့်မိသည်။
နာရီ လက်တံက တချက်ချက် မြည်ဟီးနေသည်။ အချိန်အားဖြင့် မမရဲ့မင်္ဂလာပွဲ စရမည့်အချိန်။ သတို့သမီးလေးက လီဆာ့ကုတင်ပေါ်၌ မေ့မြောနေသည်။
သတို့သား ခေါင်းမီးတောက်နေလောက်ပြီ။ ကောင်းတယ် အစတည်းက ကြည့်မရဘူး အဲ့ကောင်ကို။ အရာအားလုံး စီစဥ်ထားတဲ့အတိုင်း ပိုလိုလုပ်လိမ့်မယ်ဆိုတာ လီဆာယုံသည်။
မမကို ခိုးပြေးလာတဲ့ အချိန်က မနက် ၈နာရီခွဲ။ အခုက ညနေ လေးနာရီ လေးဆယ့်ငါးမိနစ်။ ဒီလောက်ဆိုရင် မင်္ဂလာပွဲပျက်တာ သေချာပြီ။ ထွက်ပြေးသွားတဲ့ သတို့သမီးကို ဘယ်သူကမှ လိုက်ရှာနေမှာမဟုတ်ဘူး။
အိပ်ဆေးအပြင် မေ့ဆေးပါသုံးလိုက်မိသော မမခန္ဓာကိုယ်လေးဟာ ည ၇နာရီ ၈မိနစ်ဝယ် လွန့်လူးကာ နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း လီဆာ့ကိုမြင်တော့ မမက ပြုံးပြပါသည်။
'' နိုးပြီလား မမ ''
'' အင်း ကလေး။ ဘယ်နှနာရီထိုးပြီလဲ။ မမအိပ်ပျော်သွားတယ် ''
'' ၇နာရီ ၁၀မိနစ် ''
'' ဘယ်လို ''
အိပ်ရာပေါ်ကနေ မမက လူးလဲထ၍ အခန်းအပြင်ဘက်ကို ပြေးသည်။ ယခုမှ ပတ်ဝန်းကျင်ကို သတိထားမိသွားတဲ့ မမဟာ လီဆာ့ဘက်ကို လှည့်ကြည့်ပြီး မေးသည်။
'' ဒါ ဘယ်နေရာလဲ ''
'' မမကို လီလီ ခိုးပြေးလာတာ။ မမရဲ့ အစ်ကိုဆိုတဲ့ကောင်ဆီကနေ လုလာတာ ''
'' လာလီဆာမာနိုဘန်!! ''
'' ရှင် ''
'' လီလီ ဒါနောက်စရာမဟုတ်ဘူးနော်။ မမကို အခုချက်ချင်း ပြန်ပို့ပေး ''
အိမ်တံခါးဝဆီ မမက ထွက်ပြေးတယ်လေ။ ပန်းခက်ပန်းနွယ်တွေနဲ့ သော့အိမ်လှလှကြီးကို မြင်တော့ အခုလိုပဲ ရန်တွေ့သည်။
YOU ARE READING
𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱
Fanfictionပျော်ရွှင်ရတဲ့ နာကျင်ခြင်းတံတိုင်းလေးကို မမဟာ တဖက်စီကာရံလို့..,..။