အပိုင်း ၃၄

1.9K 261 13
                                    

မောင့်လက်မောင်းကိုတွဲခိုပြီး မောင့်ပုခုံးပေါ် သူမဦး​ခေါင်းမှီထားရခြင်းဟာ ကျန်ရှိနေသေးတဲ့ တဘဝလုံးကို မောင့်အားအပ်နှင်းခြင်းနှင့် အလားသဏ္ဍန်တူပါသည်။

ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ မောင့်မျက်နှာလေးကိုသာ တမေ့တမောကြည့်မိနေခြင်းသည် မေမေသတိပေးမှ အသိဝင်လာခဲ့သည်။

'' သမီး ဖေဖေနဲ့ဓာတ်ပုံရိုက်ဦးလေ ''

မောင့်ဆီမှ မထေ့ပြုံးလေးကို လက်ဆောင်ရလိုက်တဲ့အခါ ဂျန်းနီရှက်သွားသည်။ ဘွဲ့လက်မှတ် လက်ထဲရောက်ကတည်းက မောင့်အနားကိုကပ်နေမိတာလေ ။ မိဘတွေကိုရော ယောက္ခထီးကိုပါမေ့။ ပတ်ဝန်းကျင်ဆိုတာကိုလည်း သတိမရ။

'' ဘာရယ်တာလဲ မောင်နော် ''

မောင့်လက်မောင်းကိုဖွဖွထု ၊ သူမဆီကိုလာနေတဲ့ ဖေဖေ့အနားကိုပြေးသွားပြီး ဖေဖေ့လက်မောင်းကိုတွဲခိုလိုက်သည်။

မိဘတွေကို အချိန်ပေးနေတုန်းမှာ ချစ်ရတဲ့မောင့်အနား ဂျန်းနီမရင်းနှီးတဲ့ အတန်းဖော်ကောင်လေးတစ်ယောက် ရောက်နေတာကို မြင်လိုက်သည်။ သဝန်တိုစိတ်ဟာ ဝုန်းခနဲ ထကြွလို့ မောင်ရှိရာ ပြေးရ​ပြန်ပါသည်။ 

'' ဖုန်းနံပါတ်လေး...''

'' အားနာပေမယ့် မရပါဘူး ။ အားလည်းမနာတော့ပါဘူး ။ ဒီအမျိုးသမီးက ကျွန်မဇနီးပါ ။ ဖုန်းနံပါတ် မပေးနိုင်ပါဘူး ''

လီဆာ့မှာ ငေးခနဲ ။ မမတွေများ သဝန်တိုရင် သိပ်ချစ်ဖို့ကောင်းတာပဲ။ မမဟာ မမမို့ လီဆာ့အသည်းတွေ ကြွေကျရသည်။

'' မမ ''

'' ဘာလဲ ''

'' ချစ်တယ် ''

မမမျက်နှာလေးက ရုတ်ချည်းဆိုသလို ပန်းရောင်လေးသမ်းသွားသည်။ မမကရှက်ရင်လည်း ချစ်ဖို့ကောင်းပြန်သည်။ မမကို အိတ်ကပ်လေးထဲထည့်ထားလို့ရရင် ကောင်းမယ်။ ဒါမှမဟုတ် လီဆာ့ adam's apple ထဲ ငုံထားလို့ရရင် ပိုအဆင်ပြေတာပေါ့။

'' ဂျန်းနီ  ...   အိုးး   သူမက... ''

ဂျန်းနီကိုပွေ့ဖက်နေတဲ့ အစ္စဘယ်ဟာ မောင့်ကိုမြင်တဲ့အခါ ​အံ့သြကာ အမူအရာတွေရပ်တန့်သွားသည်။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now