အပိုင်း ၂၂

2.6K 328 34
                                    

လေးဖင့်သော ခြေလှမ်းတို့ဖြင့် လီဆာတို့အိမ်ကလေးဆီ ပြန်ရောက်ခဲ့သည်။ စိတ်ထဲတွင် မမများ ဓာတ်ပုံတွေကိုမြင်သွားပြီလားဆိုတဲ့ ကြောက်စိတ်တွေက ကြီးစိုး​နေသည်။ အိပ်ခန်းထဲ မမရဲ့အသုံးအဆောင်လေးတွေက အနည်းငယ်လျော့နေသည််ဟု ခံစားရ၍ စစ်ကြည့်လိုက်တဲ့အခါ မမက အထုတ်အပိုးတွေ ပြင်ဆင်ထားတာကို တွေ့လိုက်ရသည်။

လီဆာ့လက်ထဲက ထွက်ပြေးဖို့ ကြံစည်နေခဲ့တာပဲ။ ဒီလိုလုပ်လို့မရဘူးလေ။ မမက ဘယ်သူ့အပိုင်မို့လို့လဲ။ ထွက်ပြေးရဲရင် ထွက်ပြေးကြည့်စမ်း။ စကြာဝဠာဆုံးသည်အထိ ရှာဖွေပြီး ရင်ဘတ်ထဲမှာ သိုလှောင်ပစ်မယ်။

လီဆာ အမျိုးမျိုးစဥ်းစားကြည့်သည်။ သူတို့ပြောသလိုပဲ ကုန်တိုက်ကိုပေးလိုက်ပြီး မမနဲ့အတူ စိတ်​အေးချမ်းသာအောင် နေမလား။ ဒါမှမဟုတ် ဘာအဆက်အသွယ်မှ မရသေးတဲ့ ပိုလို့ကို ဆက်စောင့်နေသင့်သလား။ အရေးအကြီးဆုံးအချက်က ဟီဂျင်းကို ဆက်သွယ်မရခြင်းပင်။ ဟီဂျင်းကိုသာ ဆက်သွယ်လို့ရရင် ဒီပြဿနာက အလိုလိုဖြေရှင်းပြီးသား ဖြစ်သွားနိုင်သည်။

ဒုန်း.... ။

ကျယ်လောင်တဲ့ တံခါးပိတ်သံနှင့်အတူ လီဆာ့မမ ပြန်ရောက်လာသည်။ မျက်နှာလေးက စူပုတ်နေတာမို့ တမျိုးလေးချစ်ဖို့ကောင်းသည်။

'' မမ ''

မမဟာ သူ့ကိုစိုက်ကြည့်နေ၏။ မမ ထိုသို့ကြည့်လျှင် အလွန်ပင် သွေးပျက်ရပါသည်။ မမ ဘာများပြောမလဲလို့ စောင့်နေသော်လည်း မမဟာ သူ့ကိုကြည့်ရုံမျှသာကြည့်ပြီး ရေချိုးခန်းဝင်သွားသည်။

'' လာလီဆာမာနိုဘန်ကို ဆွဲချသွားမှာ ''

ဂျောင်ဟီဂျင်း၏စကားသံဟာ ဂျန်းနီနားထဲ ထပ်တလဲလဲ ပြန်ကြားနေသည်။ သူကများ ဂျန်းနီကင်ရဲ့ဇနီးကို ဆွဲချမယ်တဲ့လား။ သူ့လောက်မကတဲ့လူတွေတောင် ငယ့်ကိုထိရင် ဘယ်လိုဇာတ်သိမ်းသွားခဲ့သလဲ။

Obsessed 🌸

နေရောင်ခြည်နှင့်အတူ နွေးထွေးလှတဲ့ ကလေးလေးရဲ့မျက်နှာကြောင့် ဂျန်းနီ၏မနက်ခင်းဟာ သာမန်နေ့ရက်တွေထက် ပိုပြီးလှပသယောင်။ သို့ပေမယ့် နီရဲရဲနှုတ်ခမ်းပါးတို့ကြောင့် သူလေးရဲ့နဖူးအား လက်ဖဝါးတို့ဖြင့် ထိကပ်လိုက်သည်။

𝗢𝗯𝘀𝗲𝘀𝘀𝗲𝗱Where stories live. Discover now