တစ်ဖက်သတ်
အပိုင်း(၁)"သက်.. ပြန်ရောက်လာတာတောင် ဘာမှမပြောဘူးနော်..ခုတောင် သက်မေမေပြောမှသိရတယ်..ဒီကသာ တွေ့ချင်လွန်းလို့ အိမ်လိုက်လာရတာ..သက်ကတော့ ငြိမ်
ချက်သားကို ကောင်းလို့"'"သက် ပြန်ရောက်တာ မကြာသေးပါဘူး.. ခင်ရဲ့..
ခင့်ကို ဆက်သွယ်မလို့ပါပဲ.. ကျောင်းကိစ္စတွေနဲ့ ရှုပ်နေလို့ပါ"ခင် တစ်ယောက် သက်ပြင်းလေး ချလိုက်သည်..
သက်က အနေတည် စကားနည်းသည့် မိန်းကလေး
တစ်ယောက်..ညီအစ်မ ဝမ်းကွဲတော်သည့် ကျွန်မနှင့်
ပင်လျှင် အရမ်းကြီး ဖော်ဖော်ရွေရွေမရှိ..တစ်နယ်တစ်ခြားမှာ ခြေရာဖြောက်သွားခဲ့တာ လေးနှစ်လောက်ပင်ရှိပြီ.. ခုလည်း ရုတ်တရက် ပြန်ရောက် လာတာ သိုသိုသိပ်သိပ်
နှင့်ပင်.."အလုပ်လည်း အလုပ်ပေါ့ သက်ရယ်.. ခင့်ကိုတော့ ဆက်သွယ်သင့်ပါတယ်.. ဒီကြားထဲမှာလည်း အဆက်
အသွယ်တွေ ဖြတ်သွားခဲ့တာမလား..ခင်ဖြင့် သတိရနေရတာ..""သက်လည်း ကိစ္စလေးတွေရှိလို့ပါ"
သက် ပြုံးရင်းသာ ပြောလိုက်သည်.. ခင့်ကိုတော့ အားနာမိပေမယ့် အေးဆေးနေချင်တာက တစ်ကြောင်း မည်သူနှင့်မျှ ဆက်သွယ်ချင်စိတ်မရှိ၍ပါ ခင့်ကိုလည်း
ပြန်ရောက်ကြောင်း မပြောမိခဲ့ပါဘူး.."သက်က အခု အပြီးပြန်လာတာပေါ့နော် ဟုတ်လား"
သက် ခေါင်းညိတ်ပြလိုက်သည်..ခင်က သက်ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ စကားဆိုပြန်သည်..
"သက်ရယ် ခင့်ကိုတော့ မစိမ်းကားပါနဲ့.. ဒီညီအစ်မလေးပဲရှိတာ..ဒါနဲ့ သက်ပြန်ရောက်ပြီဆိုတာ နွယ့်ကိုလည်း အသိပေးထားတယ်"
နွယ်ဆိုတဲ့ အမည်နာမလေးကို ကြားသည်နှင့် သက်
အမြင်တွေ ဝေဝါးသွားရသည်..သက်ရဲ့ အတွေး
အာရုံတွေ ထွေပြားကာ လက်ကလေးပါ တုန်ရင် လာသလိုရှိသည်မို့ ခင် ဆုပ်ကိုင်ထားသည့် လက်ကလေးကို အမြန် ရုန်းထွက်လိုက်သည်...မနည်းကြိုးစားမေ့ဖျောက်ထားသော သက်ရဲ့ အတိတ်ပုံရိပ်များသည် လည်း တစ်စ တစ်စ ပြန်ပေါ်လာရသည်..
နွယ်ရယ် စိုးမိုးနိုင်လွန်းလိုက်တာ...နွယ့်ဘက်က
မချည်နှောင်ပါပဲ သက် ဘက်ကညှိချင်ခဲ့တာပါ..
တစ်ဖက်သတ်ဆိုတာ ရင်မောရပါရဲ့..အဆက်သွယ် ဖြတ်လိုက်တာနဲ့ အတိတ်က ဖြစ်ရပ်တွေပါ
ပျောက်ပျက်သွားဖို့ နွယ့်ကို မေ့နိုင်ဖို့ မျှော်လင့်ခဲ့မိတယ်...ရက်လနှစ်တွေ ပြောင်းလဲလာတာနဲ့ သက်ရဲ့
မျှော်လင့်ချက်တွေ ပျောက်ဆုံးလာရတယ်..
ဘာလို့ဆို နွယ့်ကိုမှ မမေ့နိုင်ခဲ့တာ...
YOU ARE READING
တစ်ဖက်သတ်
Romanceအချစ်ဟောင်းကို တစ်ခေါက်ဆုံးရှုံးခဲ့ရတဲ့ 'သက်' ဟာ ပြန်ပိုင်ဆိုင်ရဖို့ ကြိုးစားမှာလား... သို့မဟုတ် အချစ်သစ်ကိုပဲ ရှာဖွေမှာလား ဆိုတာ..