"နေဝင်ချိန်က သိပ်လှတာပဲနော် သက်..""အင်း သိပ်လှတယ်နွယ် ကြည့်မဝနိုင်တဲ့ ပန်းချီကား တစ်ချပ်လိုပဲ"
နွယ်ကတော့ နေဝင်ချိန်အလှကို ငေးနေပေမယ့် သက်က နွယ့်ကိုငေးနေတာ နွယ်မှ မသိပဲ..
နွယ်ရဲ့ မျက်ဝန်းတွေဟာ လွမ်းဆွေးနေသလိုပါပဲ..
ကျွန်မချစ်ရသူနွယ်ဟာ အညိုရောင် မျက်ဝန်းတစ်စုံကို
ပိုင်ဆိုင်ထားသူပေါ့.....
ကျွန်မဟာလည်း နွယ့်ရဲ့ ဒီမျက်ဝန်းတွေထဲမှာ
အကြိမ်ကြိမ် နစ်မြုပ်နေချင်မိသူပါ.."ကဲ သက်ကလေး.. ဘာလိုချင်သေးလဲပြော
ဟောဒီကနွယ်က ဖြည့်ဆည်းပေးမယ်"ရုတ်တရက် ကျွန်မဘက်သို့လှည့်ကာ ပြောလာသည့် နွယ်နှင့် အကြည့်ချင်းဆုံမိတော့ ပြုံးလိုက်မိပါတယ်.
ကျွန်မလိုချင်တဲ့ သူငယ်ချင်းထက်ပိုသော ချစ်ခြင်း
မေတ္တာတွေဟာ နွယ့်ဆီမှာလေ..ဖြစ်နိုင်မယ်ဆိုလျှင်
ရချင်တာပေါ့.. သို့ပေမယ့် သတ္တိမရှိတဲ့ ကျွန်မဟာ
မတောင်းဆိုရဲခဲ့ပါဘူး.. ခြားနားနေတဲ့ စည်းကို မကျော်ရဲပါဘူး နွယ်ရယ်.. နွယ်သာ ပစ်ပယ်သွား
ခဲ့ရင်ဆိုတဲ့ အတွေးနဲ့တင် သက်ကမ္ဘာဟာ အမှောင်
အတိပါ..." နွယ်.... သက်ရဲ့ အနားမှာ အမြဲရှိနေပေးနော်.. သက်
ဒါပဲ လိုအပ်တယ်""သက်ကဘာလို့ နွယ့်ကို အနားမှာ ရှိနေစေချင်ရတာ
လဲဟင်"ကိုယ်ချစ်ရတဲ့သူတစ်ယောက်နဲ့ အတူရှိနေရတာကလည်း ပျော်ရွှင်ရတာပါပဲလေ..အကြောင်းပြချက်မရှိ
တွေ့စကတည်းက သဘောကျတာကနေ အချစ်
အဖြစ်ကို ပြောင်းလဲသွားတာပါ.. ဘာလို့ရှိစေချင် တာလဲဆိုရင် ဒီအတိုင်းလေးရိုးရိုးရှင်းရှင်းလေးပါပဲ.. ချစ်မိသွားလို့ပေါ့.."နွယ့်ကို ဆုံးရှုံးရမှာ ကြောက်လို့လေ"
သက်ရဲ့ အဖြေကြောင့် နွယ် နှစ်ခြိုက်စွာ ပြုံးလိုက်မိ
သည်.. သက်ရဲ့ မျက်ဝန်းထဲက ပုံရိပ်ဟာ သက်ရဲ့
အကြည့်တွေဟာ တစ်ခုခုကို စီးမြောနေသလိုပါပဲ..
ဒီလို အကြည့်ကို နွယ် ကြုံဖူးပါရဲ့.. ဘုရားရေ သက်ကများ နွယ့်ကို.. မဖြစ်နိုင်ပါဘူး ..
YOU ARE READING
တစ်ဖက်သတ်
Romanceအချစ်ဟောင်းကို တစ်ခေါက်ဆုံးရှုံးခဲ့ရတဲ့ 'သက်' ဟာ ပြန်ပိုင်ဆိုင်ရဖို့ ကြိုးစားမှာလား... သို့မဟုတ် အချစ်သစ်ကိုပဲ ရှာဖွေမှာလား ဆိုတာ..