Part 3

78 8 1
                                    

သက် အတိတ်၏ အတွေးပုံရိပ်တွေထဲမှ ရုန်းထွက်
လိုက်သည်.. တော်စမ်းသက် လက်ရှိအချိန်မှာပဲ နေကြရအောင်.. အတိတ်က အတိတ်ပဲ. အချစ်သာ အဆိပ်
တစ်ခွက် ဖြစ်ခဲ့မယ်ဆိုရင် သူမဟာ အခုချိန်အထိ
ဖြေဆေးမရသေးသူပါ..
အဆိပ်က တဖြေးဖြေး သူမကို သတ်နေပေမယ့် သူမ
ကိုယ်တိုင်ကလည်း ထိုအဆိပ်ကို မြတ်မြတ်နိုးနိုး ဖြစ်နေမိသည့်သူ..

လွန်ခဲ့သည့် လေးနှစ်က သက်နှင့် နွယ်ဟာ လုပ်ငန်းခွင် စဝင်စ အရွယ်လေးတွေပါ.. သက်ရဲ့ နွယ်အပေါ်ထား
ရှိသည့် ချစ်ခြင်းတွေဟာ ပေါ့ပေါ့တန်တန် မဟုတ်ခဲ့ချေ..
သက် ခေါင်းတသွင်သွင်ခါကာ နွယ့်အကြောင်း ခေါင်းထဲက ထုတ်ပစ်လိုက်သည်.. သူမရဲ့ ထိုင်းမှိုင်းနေသည့် စိတ်လန်းဆန်းသွားအောင် ရေအောက်တွင် အချိန်အကြာကြီး ရပ်နေမိသည်..

အနည်းငယ် တုန်ရီလာသည်ထိ ရေချိုးကာ နာရီကိုကြည့်မိတော့ ညနေ နာရီခွဲ.. ညစာအတွက် အပြင်မှာ စားမည်ဟု စဉ်းစားပြီး တံခါးသော့ခတ်ကာ လမ်းထဲကို ထွက်လာခဲ့လိုက်သည်.
သက် ပြန်ရောက်တာ တစ်ပတ်ရှိသည့်တိုင် လမ်းထဲမှ
ရွှေရိပ် ထမင်းဆိုင်တွင် နေ့တိုင်းစားဖြစ်နေသည်.. ထမင်းဆိုင်၏ လက်ရာက အတော် ကောင်းတာကတစ်ကြောင်း စျေးသက်သာတာက တစ်ကြောင်း သူမကိုယ်တိုင်လည်း ချက်စားချင်သည့်စိတ် မရှိတာကြောင့် ဆိုင်မှာသာ လာစားဖြစ်နေသည်.. သူမ ဆိုင်ထဲသို့ ဝင်လိုက်ကာ
ထောင့်အကျဆုံးဖြစ်သည့် နေရာကို ရွေးထိုင်လိုက်သည်.. တွေ့နေကျခလေးမတစ်ယောက်ကို သူမ စားနေကျမှာ
လိုက်ကာ ရေနွေးကို ဇိမ်ခံသောက်နေလိုက်သည်..

"ဒီမှာ မိန်းကလေး"

"ဒီမှာ"

ခေါ်သံ တစ်ခုကို ကြားပေမယ့် သက် မသိချင်ယောင် ဆောင်နေလိုက်သည်.. သို့သော် ထိုမိန်းကလေး က သူမရဲ့ ပခုံးကိုလာထိသည်မို့ ဆတ်ခနဲ ပုတ်ထုတ်ကာ မော့ကြည့်လိုက်သည်..
သက် ရင်ဆိုင်လိုက်ရသည်က အကြည့်စူးစူး မျက်ဝန်း
တစ်စုံ.. မျက်ဆံအနက်ရောင်နှင့် မျက်တောင်တွေ
ကော့ညွှတ်နေသည့် မျက်ဝန်းတစ်စုံ.. ထိုမိန်းကလေး၏ အကြည့်တွေသည် တစ်စုံတစ်ယောက်လိုမျိုး သတ္တိရှိကာ တုန်လှုပ်မှု မရှိ..
သွေးသစ် သူ့ကို မော့ကြည့်လာသည့် မိန်းကလေးကို ကြည့်ကာ ပြုံးပြလိုက်သည်..

တစ်ဖက်သတ်Where stories live. Discover now