Part 1

1.5K 44 17
                                    

"မင်းအတွက် အချစ်ဆိုတာ ဘယ်လိုမျိုးလဲ"

"မြတ် အတွက် အချစ်ဆိုတာ သူဘယ်လိုနေနေ ချစ်နေမိတာမျိုးဘဲ ကိုယ့်ကို ပြန်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ချစ်နေတာမျိုးပေါ့ ကိုယ့်ကြောင့် သူအနှောင့်အယှက်ဖြစ်စေမှာကြောက်လို့ အနားမှာ တွယ်ကပ်မနေဘဲ အဝေးကနေ လှမ်းငေးကြည့်ရတာလဲ မြတ်အတွက် အချစ်ပါဘဲ"

"ကိုယ့်အတွက်တော့ အချစ်ဆိုတာ ခံစားလို့မရဘူး ကိုယ်ကဘဲ မချစ်တတ်တော့တာလားပေါ့"

"မြတ် ဖြစ်နေလို့ ချစ်မရတာ မဟုတ်ဘူးလား "

"မင်းကြောင့်မဟုတ်ပါဘူး မြတ်ရယ် ကိုယ် မင်းအပေါ် သံယောဇဉ်ရှိလို့လဲ မင်းပျောက်နေတော့ လိုက်ရှာမိတာပေါ့ စိတ်ပူမိတာပေါ့ ဒီလိုဆိုကတည်းက ကိုယ့်စိတ်ထဲမှာ မင်းရှိနေလို့လေ"

"ကျေးဇူးတင်ပါတယ် ငယ်  မြတ်လိုလူကို သတိတရနဲ့ လိုက်ရှာပေးခဲ့လို့ပါ"

"အွန်း မြတ်"

ဒါကတော့ Ds relationship ကနေ Rs relationship ကို ကူးပြောင်းဖို့ ကြိုးစားနေကြတဲ့ ကောင်မလေး နှစ်ယောက်ပေါ့.......

အသက်အားဖြင့် 1နှစ်လောက်သာ ကွာကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် ထက်မြတ်မှုတွေ ရင့်ကျက်မှုတွေ ခံယူချက်တွေက မတူကြပြန်ဘူး.......

မြတ် က အစွဲအလန်းကြီးပြီး ချစ်တတ်သလောက် ငယ်ကတော့ သံယောဇဉ်နဲ့ အချစ်ကို ခွဲခြားနိုင်ဖို့ထက် အလုပ်ကိုသာ ကြိုးစားနေသူ ဖြစ်တယ်.....

ဒီနှစ်ယောက်အတွက် ဒီနှစ်ကုန်မှာ ရောက်ရမယ့် Target ကိုယ်စီရှိကြတာမို့ Career မတူသော်လည်း တစ်ယောက်တစ်လှည့် အားပေးရင်း ရှေ့ဆက်နေကြတယ်.........

သူတို့တွေ့ဆုံပုံက ဆန်းကြယ်လှတယ် Fake acc ကနေ စသိပြီး Ds play ခဲ့ရာကနေ အခုဆို Official အထိ သံယောဇဉ် အမြစ်တွယ်နေကြပြီ

အသက်တစ်နှစ်ပိုငယ်တဲ့ ငယ်က Dom ဖြစ်ပြီး တစ်နှစ်ပိုကြီးတဲ့ မြတ်ကတော့ ငယ့်အပေါ် ဂျီကျပြီး ဆိုးလွန်းတဲ့ Sub ပေါက်စလေးပေါ့......

မြတ်က အမြဲဂျစ်ကန်ကန်နိုင်တာ တစ်လောကလုံးကို ချေမိုးနေတတ်ပြီး ပြဿနာရှာတဲ့နေရာမှာလဲ သူများထက်ကို ထူးတယ်လေ......

 မြတ် ချစ်ရတဲ့ ငယ်Where stories live. Discover now