Part 6

285 29 10
                                    

လူချင်းကွဲသွားတဲ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းရပြန်တယ်.....

ငယ်သိရင် အသက်ရှင်နိုင်ချေနည်းသွားမယ်မလား....

ဒီလိုနဲ့ အိမ်ပြန်ရောက်ကာ ပုံစံမပျက်လေး အလုပ်တွေလုပ်ရင်း အရှင်သခင်လေးကို ‌‌‌စောင့်နေမိသည်.......

တီ.... တီ.....

ကားသံကြားတာကြောင့် တံခါးပြေးဖွင့်ပေးရင်း ကြိုဆိုမိသည်.....

မြတ်ရဲ့ သွားထပ်လေးတွေ ပေါ်သည်အထိ ပြုံးပြပြီး ဘယ်လောက်တောင်လွမ်းနေကြောင်း အကဲပိုကာ ချွဲပြနေမိသည်......

"မြတ် ဒီနေ့ အပြင်သွားသေးလား?"

"Wtf".... (စိတ်ထဲက ရေရွတ်မိရင်း)

"မသွားပါဘူး ငယ်
မြတ် အိမ်မှာဘဲ ငြိမ်ငြိမ်လေး နေ နေတာပါ

ဟုတ်လို့လားဆိုတဲ့အကြည့် မယုံသင်္ကာမျက်လုံးတွေနဲ့ ကြည့်နေတာကြောင့် မြတ်တစ်ယောက် လိပ်ပြာမလုံချင်တော့.....

တကယ်ပါ Sixth sense ဆိုတာကြီးကို ကြောက်မိပါတယ်.....

မြတ်အထင်တော့လေ Sixth sense ဆိုတာမျိုးကလဲ ကိုယ့်တန်ဖိုးထားရတဲ့သူတွေ ကိုယ်မြတ်နိုးတဲ့သူတွေအပေါ်မှာသာ ခံစားမိတာမျိုးပေါ့နော်... သူတို့တစ်ခုခုဖြစ်နေတာမျိုးတို့ တစ်ခုခုမဟုတ်တာလုပ်ထားတာမျိုးတို့ဆိုရင် ကိုယ်က အလိုလိုသိနေတတ်တာမျိုးလေနော်.....

"မြတ် ကိုယ်ရေချိုးအုံးမယ် ဗိုက်ဆာနေပြီမို့ ထမင်းဝိုင်းပြင်ထားလိုက်တော့နော်"

"ဟုတ် ငယ် ပြင်ထားလိုက်မယ်နော်"

ထမင်းကို နည်းနည်းလေးထည့်ကာ ဟိုမွှေ ဒီမွှေ လုပ်ရင်း ထမင်းစားနေတာလား ကစားနေတာလား မခွဲခြားတတ်အောင် မြတ်တစ်ယောက် ဂျစ်နေလေပြီ....

အကြောင်းမှာတော့ အပြင်စာတွေ မနည်းမနောစားသောက်ခဲ့သည် မဟုတ်လား......

"မြတ် မင်း ထမင်းကို ဘယ်လိုစားနေတာလဲ လူလိုမစားချင်ဘူးလား ဟမ် အောက်မှာ လေးဖက်ထောက်စားမလား"

ငယ် လေသံမာမာနဲ့ ထ ဆူကာမှ အချိုးပြေပြေ ထမင်းဆက်စားတဲ့ မြတ် ....

သိပ်မကြာလိုက်.....

"ဝေါ့ ဝေါ့ ....."

အပြင်စာနဲ့ နည်းနည်းမှ မတည့်တဲ့ဟာလေးက အန် နေပြီလေ တစ်ကိုယ်လုံးလဲ ချွေးစေးတွေပျံကာ မျက်နှာမှာလဲ ဖြူရော်ရော် ဖြစ်လာခဲ့ပြီ.......

အခန်းထဲ စိုးရိမ်ကြီးစွာဝင်လာသော ငယ်မှ

"မြတ် ဘာဖြစ်တာလဲ? အစာမကြေဘူးလား? ဘာတွေ စားထားလို့လဲ? ဆေးခန်းသွားမလား?"

မေးခွန်းတွေ ‌တောက်လျှောက်မေးလာသည်ကြောင့် အန်ရင်းသာ အသက်ပျောက်သွားချင်မိတယ် ခဏနေရင်လဲ အသက်က ပျောက်လုလုဖြစ်တော့မယ်မလား .......

"မြတ် အဆင်ပြေပါတယ် ငယ် ဘာမှမဖြစ်ဘူးနော်"

"ငါ့ကို လာလိမ်နေသေးတယ် မြတ် ရယ် မင်း ဘယ်နှစ်ခါများ ငါ့ကို လိမ်လို့ ရဖူးလို့လဲ"

"ဟီး " ရယ်ပြနေသော မြတ်ရယ်ပါ....

"ငယ် ငယ့်ကိုလေ မြတ်က လွမ်းနေတာ သိလား ဒီအိမ်မှာလေ ကလေးက တစ်ယောက်ထဲ ကျန်ခဲ့ရတာ အရမ်းကြောက်တာဘဲ ဟင့်"

"ဪ.... တောထဲတောင်ထဲကျ သွားရဲလာရဲ နေရဲတယ်နော် ကျွန်မအိမ်မှာကျ တစ်ယောက်ထဲနေရတာ ကြောက်သတဲ့လား အံ့ဩစရာ...."

"ဟွန့် တူမှ မတူတာကို တောထဲကျ ကိုယ့်အားကိုယ်ကိုးရတယ်လေနော်
အိမ်မှာကျ အရှင်သခင်ရှိတဲ့စိတ်က လုံခြုံရတယ် နွေးထွေးရတယ်လေနော် အဲ့ဒါ အရှင်သခင်မရှိတဲ့အခါကျ ကလေးက တစ်ယောက်ထဲ ဝမ်းနည်းပက်လက်ကျန်ခဲ့ရတာပေါ့လို့ "

"အမလေး မြတ်ရယ် တို့ကို လာကြူးပြနေတယ်"

"ဟီး ဟီး "

"ငယ် မြတ်လေ ငယ့်အပေါ် ချစ်တဲ့အချစ်တွေကလေ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးသိလား... ငယ့်ကို ချစ်ရင်းနဲ့ ချစ်မဝဖြစ်နေတာ အရူးလေးလို ဖြစ်နေပြီ သိလား...."

"တို့ ယုံပါတယ် မြတ်ရယ် မင်းက တို့ပြောစကားကျနားမထောင်ဘဲ ချစ်တယ် ချစ်တယ် ခဏ ခဏ ပြောနေတာကြ မလွန်ဘူးလား "

"အာ..... မြတ်က သခင့်စကားကို မြေဝယ်မကျ နားထောင်လျှက်ပါနော်...."

"လေနဲ့လွင့်သွားတော့ မြေပေါ် ဘယ်ကျတော့မလဲ မြတ်ရယ်...."

"ဟွန့် "

"အဲ့နှုတ်ခမ်းကို ခဏ သိမ်းထားအုံး အပြင်စာတွေ စားတဲ့ကိစ္စကို အရင်ရှင်းရအောင်...."

"ဟင့်".......

#Myat Khun Cho

#ဝေဖန်အကြံပြုပေးနိုင်ပါတယ်ရှင့်

You've reached the end of published parts.

⏰ Last updated: Sep 22 ⏰

Add this story to your Library to get notified about new parts!

 မြတ် ချစ်ရတဲ့ ငယ်Where stories live. Discover now