Part 4

662 33 14
                                    

အိပ်စရာ နေရာလဲ မပေးတဲ့သခင်ပါလေ.....

နာနာကျင်ကျင်နဲ့ဘဲ ဆိုဖာပေါ်လှဲနေခဲ့မိတယ် ခရီးပန်းလာတာရော တစ်ခါမှ အခုလို အရိုက်မခံရဖူးတာရောကြောင့် ဝမ်းနည်းစိတ် သိမ်ငယ်စိတ်တို့က တဖြည်းဖြည်း ပိုတိုးလာခဲ့တယ်လေ....

အဲ့ဒါအပြင် မျက်ရည်တွေကလဲ မဖိတ်ခေါ်ဘဲ ရောက်ခဲ့ပြန်ပါတယ် ...... သခင်ရယ်........

ဖုန်းလေးကို မနက် 4နာရီ Alarm ပေးကာ အိပ်ပျော်ဖို့ ကြိုးစားခဲ့ရတယ် မနက်ဖြန်ဆို Project စတင်တဲ့ တောထဲ သွားရမယ်မဟုတ်လား.......

........

ငယ်လဲ စိတ်တိုတိုနဲ့ ပတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ပြီး ရိုက်မိခဲ့တယ် မြတ်ရယ်.....

စိတ်မကောင်းပေမယ့်လဲ မင်းချိုးတဲ့အကွက်က လွန်တယ်မဟုတ်လား......

မနက်ကျ မနက်စာသေချာလေး လုပ်ကျွေးပြီးမှ ပြန်ချော့တော့မယ် ..... နာနေရမှာ သိပေမယ့် မြတ်ရယ် မင်းကို မှတ်လောက်အောင် နာစေချင်သေးတယ်.......

အောက်မှာ ဘယ်လိုများနေမလဲလို့ ဆင်းကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ မြတ်......

မြတ်ရယ် မျက်ရည်စီးကြောင်းတွေနဲ့ ငိုနေတာပေါ့လေ Sorry ပါကွာ .....

ငယ်လဲ စောင်တစ်ထည်ယူကာ ခြုံပေးပြီး မြတ်ကိုကြည့်ကာ ဂရုဏာသက်ရပြန်တယ် .....

...........

Ring Ring Ring........

Alarm မြည်လာတာနဲ့ မြတ် လန့်နိုးမိသည်.......

ခန္ဓာကိုယ်ပေါ်က စောင်ကိုမြင်တာနဲ့ ဝမ်းနည်းဝမ်းသာ ဖြစ်ရပြန်တယ်.......

ငယ်နဲ့ ပတ်သက်ရင် အခုလို အသေးအဖွဲလေးကအစ မြတ်အတွက် ရင်ခုန်စရာပါလေ......

သူငယ်ချင်းတွေဆီ ဖုန်းဆက်ကာ လာခေါ်ခိုင်းဖို့ အကူအညီတောင်းရပြန်ပါသည် မဟုတ်ရင်လဲ တစ်ယောက်ထဲ ပြန်ရဖို့ရာ အဆင်မပြေလှ.....

မိုးလင်းမှ ပြန်ရအောင်လဲ ကိုယ့်ကြောင့် အလုပ်နှောင့်နှေးမှာ မြတ် မလိုလား.......

ငယ့်ဆီ စာပို့ခဲ့ဖို့ရာလဲ Messenge သံကြားပြီး လန့်နိုးနေမှာ စိုးတာကြောင့် ဟိုဟိုဒီဒီရှာကြည့်တော့ sticker note လေးတွေ တွေ့တာကြောင့်
အကျိုးအကြောင်းကို အနည်းငယ် ရေးကာ ငယ် မြင်လောက်မယ့် နေရာမှာ ကပ်ထားခဲ့လေသည်........

 မြတ် ချစ်ရတဲ့ ငယ်Where stories live. Discover now