Part - 30

224 25 15
                                    


လက်ထပ်ကြမယ်ဆိုကာ ချက်ချင်းကြီးပြင်ကြတော့ လက်ထပ်မှတ်ပုံတင်ကြပြီးတာနဲ့ အလွယ်တကူပင် အနီးနားကဘုရားကျောင်းမှာ လုပ်လိုက်ကြသည်။
နှစ်ယောက်ဆင်တူsuitကိုဝတ်ကာ သူတို့ဘေးနားမှာတော့ Chanyeolနဲ့Baekhyunနှစ်ယောက်သာ အသိသက်သေအဖြစ်ရှိကြသည်။

လက်ထပ်လက်စွပ်ကို ဘယ်ချိန်သွားဝယ်လိုက်တာလဲမေးတော့ အစောကတည်းကဝယ်ထားပြီး သိမ်းထားသည်တဲ့လေ။
ဖာသာကြီးက ကောင်းချီးပေးနေချိန် သူ့လက်ကိုဆုပ်ကိုင်ထားသော Jonginလက်တွေကအေးစက်နေသည်။

ဒီကောင်လေးစိတ်လှူပ်ရှားနေတာများလား။
အွန်းးး သူတင်မဟုတ် Sehunလည်းစိတ်လှူပ်ရှားတာပါဘဲလေ။Jonginမျက်ဝန်းတွေကတဆင့် သူဟာကိုယ့်ကိုဘယ်လောက်ချစ်လဲသိနိုင်သည်။

Sehunကိုအချစ်မျက်ဝန်းများဖြင့် ကြည့်နေသော Jonginကိုဖာသာအပါအဝင် ဘေးကChanyeolနဲ့Baekhyunလည်းသိကြသည်။

Baekhyunကတော့ ခုချိန်မှာဘာမှမစဉ်းစားချင်တော့ပါ။ဖြစ်လာမယ့်ဘေး ပြေးတွေ့လိုက်တာကပိုစိတ်ချမ်းသာလိမ့်မည်။
သူအနေနဲ့ကတော့ သူငယ်ချင်းလေးဘာလုပ်လုပ်ဖေးမပေးမှာဖြစ်သလို အရာအားလုံးကူညီပေးဖို့လည်းအဆင့်သင့်ပင်ဖြစ်သည်။

ဘုရားကျောင်းထဲ သူတိုနှစ်ယောက်ကိုချီးမြှင့်ပေးကြသူတွေမှာလည်း ကျောင်းကမိဘမဲ့ကလေးတွေမို့ စည်ကားနေကြသည်။

ဘုရားကျောင်းကိုဘဲ အလှူငွေနဲ့ ဒီနေ့ရောမနက်ဖြန်အတွက်ပါ ကလေးတွေအတွက် အစားအစာလှူကြတာမို့ ဖာသာကြီးကတော့ သူတို့နှစ်ယောက်ကို အိုအောင်မင်းအောင် ပေါင်းရပါစေဆိုကာ ထပ်ပြီးကောင်းချီးပေးလေသည်။

" ဉီး ဒီနားခဏနေနော် "

" ဟင်! ဘာလုပ်မလို့လဲ ? "

" ဉီးအရမ်းလှနေလို့ "

" ငါကယောက်ျားလေးနော် မိန်းကလေးမဟုတ်ဘူး "

" omm~~ ကျွန်တော်သိတယ် ဒါပေမယ့်
ဘယ်လိုလုပ်မလဲ ဉီးကတကယ်ကိုလှနေတာဗျ "

အပင်အောက်ထိုင်နေကြရင်း သူ့ကိုတစိမ့်စိမ့်ကြည့်ကာ လှကြောင်းပြောနေတဲ့ Kim Jonginကိုတစ်ချက်လောက်ပိတ်ရိုက်လိုက်ချင်ပေမယ့် ပြုံးပြုံးကြီးနဲ့ကြည့်နေတဲ့ မျက်ဝန်းကြောင့် စိတ်ကိုတစ်ထစ်လျော့လိုက်ရသည်။

I wanna be your husbandWhere stories live. Discover now