Part - 19

249 39 4
                                    


နာမည်ကြီးဟိုတယ်တစ်ခု၏စားသောက်ဆိုင်အပေါ်ထပ်ရောက်လေတော့ နာမည်ပြောလိုက်သည်နှင့် ကောင်လေးကအခန်းကိုလိုက်ပြတော့သည်။

တံခါးဖွင့်လိုက်တော့ Kim gp၏ဥက္ကဌကြီးက
ထိုင်လျှက်စောင့်နေသည်။

" ရောက်လာပြီလား "

" ဟုတ်ကဲ့ခင်ဗျ အစည်းအဝေးလေးရှိနေလို့
နည်းနည်းနောက်ကျသွားတာပါ "

" ရပါတယ် "

ဟင်းပွဲတစ်ချို့နဲ့ သောက်စရာတွေလာချပေးတာမို့ ခဏတာစကားရပ်လိုက်ရသည်။
စီးပွားရေးလောကထဲ Kim gpကိုကျော်နိုင်သူ
မရှိ။Sehunတို့လို အသေးစားCompanyဆိုပိုဆိုးတာပေါ့။

Jonginအကြောင်းပြောဖို့လား ဘာလားဆိုတာမသိပေမယ့်။ဥက္ကဌကြီး၏မျက်ဝန်းကစူးရှလွန်းသည်။Companyကြီးကိုအုပ်ချုပ်ရသောသူဖြစ်သည့်အလျှောက်မို့ Sehunတောင်အနေကျုံ့မိသည်။

" မြေးငယ်လေးက Oh Sehun shiတို့
Companyမှာအလုပ်လုပ်နေတာဆိုတော့
ဒီနေ့တော့အဖွားတစ်ယောက်အနေနဲ့ လာတွေ့ရတာပါကွယ် "

" ဟူတ်ကဲ့ပါ ကျွန်တော့်ကိုOh Sehun shiလို့မခေါ်လည်းရပါတယ်ခင်ဗျ "

ဥက္ကဌKIMကခေါင်းငြိမ့်ပြရင်း

" မြေးလေးကကိုယ့်Companyထက်
မောင်ရင့်Companyမှာဘဲ အလုပ်သင်ယူချင်ပုံရတယ်ကွယ် ...မောင်ရင်လည်း မြေးငယ်လေးကိုကိုယ့်ညီသဖွယ် သဘောထားပြီး
သင်ပြပေးပါဉီးကွယ် "

" ဟူတ်ကဲ့ပါခင်ဗျ "

" မြေးငယ်လေးက ငယ်ငယ်တည်းကတဇွတ်ထိုးဆန်တယ် သူလိုချင်တာမရရင် ကောက်နေရော မရရအောင်လည်းယူတတ်ပြန်တယ် "

လိုချင်တာမရရအောင်ယူတာလည်း Sehunသိသည်။သူ့Companyမှာလုပ်ချင်တာနဲ့ သူ့အစ်ကိုကို အကြပ်ကိုင်ပြီးလာတော့တာဘဲလေ ။

" ငယ်ငယ်တည်းကအထွေးဆုံးလေးဆိုပြီး
အလိုလိုက်ထားတော့မြေးငယ်လေးကနည်းနည်းဆိုးချင်တယ် "

ဥက္ကဌKimက လက်ဖက်ရည်တစ်ခွက်ကိုအနည်းငယ်သောက်ရင်း...

" မြေးငယ်လေးက..မောင်ရင်ကို
မေတ္တာရှိနေတယ်ဆိုတာ သိမှာပါနော် "

မျက်လုံးပင့်ကာကြည့်မိတော့
ဥက္ကဌKimက Sehunကိုသေချာကြည့်နေလေသည်။Sehunကိုယ်တိုင်လည်းရိပ်မိနေတဲ့ကိစ္စ။Jonginရဲ့အပြုအမူတွေက သိသာနေတာဘဲလေ။

I wanna be your husbandWhere stories live. Discover now