Part - 12

330 40 4
                                    

ဆေးရုံအချိန်ကြာတက်လိုက်ရတဲ့ဉီးက ဘာတွေအလိုမကျလဲမသိ Jonginနဲ့Baek hyungကိုစကားမပြောပါ။
နက်ဖြန်ကိုဆေးရုံအတင်းဆင်းမယ်ဆိုပြီး
ပြောနေလို့ တစ်ခုမဟုတ်တစ်ခုနဲ့ချိန်းခြောက်လည်းမရ။

ဘယ်သူမှသတိမထားမိချိန် ဆေးရုံဆင်းမယ်ဆိုကာ သူတို့ကိုတောင် ကိုပြန်ချိန်းခြောက်သေးသည်။မယုံလို့လဲမရ ဉီးကအတည်လုပ်မယ့်သူ။

စားပွဲခုံပေါ့် အစ်မAeriလာပြသော စာရင်းတွေ
ပြန်စစ်ရင်း ဉီးကအလုပ်ရှူပ်နေသည်။
Baek hyungလည်းခဏသာလာပြီး
ဉီးနဲ့ရန်ဖြစ်ပြီးပြန်ထွက်သွားသည်။

" ဒါဆို Boss , Aeriပြန်ပြီ "

" အင်း "

" Jonginရေ အစ်မပြန်ပြီ "

လက်ဆေးပြီးထွက်လာတဲ့ Jonginကို အစ်မAeriကလက်ပြနှူတ်ဆက်ကာပြန်သွားခဲ့သည်။ဉီးကတော့ကုတင်ပေါ် မျက်ရိုးတွေဖိနှိပ်ရင်း လှဲနေသည်။
မျက်လုံးမှိတ်ကာလှဲနေသော ဉီးအနားသွားကာ သေချာကြည့်မိလေတော့ ဆေးရုံတက်ရတဲ့ တစ်ရက်နှစ်ရက်အတွင်း ဉီးကပါးလေးတွေချောင်ကျသွားလေသည်။

" ဘာတုန်း မင်းက! "

မျက်ရိုးတွေကိုက်လို့ နှိပ်နယ်ပြီး ဖွင့်ကြည့်လေတော့ Jonginကသူ့ဘေးနားစိတ်မကောင်းသလိုမျက်နှာနှင့်လာကြည့်နေလေသည်။

အချိန်ကြာဆေးရုံတက်ရတာမို့ ဆေးရုံအနံ့အသက်မကြိုက်တဲ့ Sehunအတွက်အရှင်လတ်လတ် ငရဲကြနေသလိုပင်။
Baekhyunရောသူ့ပါ စကားမပြောဘဲ စိတ်ဆိုးပြတော့ အကုန်လုံးကသူ့ကိုစကားမစရဲကြ။

ဒေါက် ! ဒေါက်!

" ကျွန်တော် ဝင်လာပြီနော် ! "

အထဲကိုအသံပေးကာ ဝင်လာသော လူကိုကြည့်မိတော့ Kim Suhoဖြစ်နေသည်။
Sehunဆေးရုံတက်နေတာကိုကြားပြီး
လာမေးတာဖြစ်သည်။Kim Suhoနဲ့Sehunစကားခဏပြောပြီး Jonginကိုလိုက်ပို့ခိုင်းလိုက်သည်။

မနက်ဖြန်မှဆေးရုံမဆင်းခိုင်းရင်တော့ ခိုးထွက်ဖို့ပြင်ထားပြီးသား။

မနက်ရောက်တော့ မနက်ပိုင်းဆရာဝန်ကလာစစ်ဆေးပေးပြီး ဆင်းလို့ရကြောင်းပြောသည်။ အိမ်ပြန်နားချင်ပေမယ့် ဒီတစ်ခေါက်ထုတ်မယ့်ပစ္စည်းက အရေးကြီးတာမို့
Companyကိုသာ အရင်သွားရသည်။

I wanna be your husbandWhere stories live. Discover now