"Boss..Mr.Kimမှာသားတစ်ယောက်ရှိတယ်လို့သိခဲ့ရတယ်"
"သား...ဟုတ်လား"
"ဟုတ်ပါတယ်Boss"
"အတွင်းရေးမှူးဂင်...Mr.Kimရဲ့သားအကြောင်းအကုန်စုံစမ်းလာခဲ့ပေး"
"ဟုတ်ကဲ့Boss"
Kimအိမ်တော်တွင်
"သားTaeပါးပါးမင်းကိုခိုင်းစရာရှိတယ်"
"ဘာခိုင်းမှာလဲပါးပါးက"
"Mr.Jရဲ့အနားကိုသားချဉ်းကပ်ရမယ်...Mr.Jရဲ့စိတ်ဝင်စားမှုကိုရအောင်ယူရမယ်"
"ကျွန်တော်မလုပ်နိုင်ဘူးပါးပါး"
"ဟက်...!မလုပ်ချင်လဲရတယ်လေသားTae...မင်းကိုအမွေပြတ်စွန့်လွှတ်လိုက်ရင် မင်းသိပ်ချစ်တဲ့မင်းရဲ့မားကို မင်းဆေးကုပေးနိုင်ပါ့အုံးမလား?"
"တောက်ခ်!...ခင်ဗျား...ရတယ်လုပ်မယ်"
"မနက်ဖြန်ကစပြီးလှုပ်ရှားလို့ရပြီသားလေးTae"
"ခင်ဗျားပါးစပ်ကနေသားလေးလို့လာမခေါ်နဲ့ရွံတယ်"
"ဟုတ်ပြီ"
Mr.Jဘက်တွင်
"Boss ဒါကKim Taehyungရဲ့အချက်အလက်တွေပါ"
"ကျောင်းတတ်နေဆဲလို့သိရပါတယ်။သူ့အဖေကတော့Bossဆီချဉ်းကပ်ချင်နေတာပါ။Mr.Kimရဲ့ချမ်းသာကြွယ်ဝမှုကTop10စာရင်းဝင်ပါတယ်။Kim Taehyungရဲ့အမေကတော့ကိုမာဝင်နေပါတယ်။ကျန်တဲ့ဟာကတော့Bossဆက်ကြည့်လိုက်ပါ"
"ဟုတ်ပြီအတွင်းရေးမှူးဂင်"
"အော်Boss..သခင်ကြီးကညကျရင်မိသားစုတွေလက်စုံစားဖို့ခေါ်ထားပါတယ်"
"အရှုပ်အထုပ်တွေ.."
"အဲ့တာဆိုကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"
"အွန်း...ကောင်းပြီ"
jungkookရဲ့အတွေးထဲတွင်
Kim Taehyungမင်းကချစ်ဖို့တော့ကောင်းသားဘဲ။ထိုအချိန်jungkookဆီဖုန်းတစ်ခုဝင်လာသည်။
တီ...တီ...တီ...
"Hello အတွင်းရေးမှူးဂင်ပြောလေ"
"Bossကျွန်တော်တို့ထင်ထားသလိုဘဲMr.Kimကအလောင်းကစားမှာအရှုံးတွေပေါ်နေတယ်Boss"
"ဟက်!ဟုတ်ပြီ...သူလိုချင်သလောက်ငွေတွေထုတ်ပေးခိုင်းလိုက်"
"ဟုတ်ကဲ့Boss"
အတွင်းရေးမှူးဂင်လည်းအလောင်းကစားရုံထဲတွင်သူလွှတ်ထားတဲ့လူကိုjungkookအမိန့်ပေးတဲ့အတိုင်းပြန်ပြောလိုက်သည်။
အကုန်လုံးကိုအကွက်ကျကျစီစဉ်ထားကိုMr.Kimမသိခဲ့ပါ။