∆1

69 9 7
                                    

" Niki!!!
မင်း ဘာလို့ဒီလိုတွေလုပ်နေရတာလဲကွ! ! မင်း သားကိုမင်းမဆုံးမဘူးလား ဂန်ဟာအွန်း! !"

​ဖေဖေရဲ့ဒေါသမြှားဦးဟာ မေမေဖက်သို့လှည့်သွားချိန်မှာတော့ မေမေရဲ့စိတ်ပျက်စရာ ငြီးငြူသံတွေနဲ့ ဆုံးမလို့မပြီးနိုင် ၊ ပြောပြလို့မဆုံးနိုင်တဲ့ သြဝါဒ စကားတွေ ၊ ဗေဒင် မေးစရာတောင်မလိုဘဲ အော်တိုမစ်တစ်ထွက်လာတော့ မယ်ဆိုတာ Niki ကြိုသိနေပြီးသား ပေ၊၊
ဒါကြောင့်လဲ ထိုနေရာမှ သူအလင်းထက်မြန်တဲ့ အလျင်နှုန်းနဲ့လစ်ထွက်လာခဲ့တော့ဆိုပါတော့၊၊
နားစည်ကိုလာလာရိုက်ခတ်နေတဲ့ ဖေဖေရဲ့ ဒေါသတကြီးအော်သံ တွေကိုတော့ သူ မကြားခြင်ယောင်ဆောင်ထားလိုက်သည်။

(နားထောင်နေလို့လည်းအပိုပဲဟာကို)

လူရှင်းနေတဲ့ Bus ကားဂိတ်မှာ အေးဆေး စီးကရက် သောက်နေလိုက်တယ်။ သူရင်ထဲမှာမွန်းကြပ်တိုင်းလုပ်နေကျ လုပ်ငန်းစဥ်တစ်ခုပေါ့။

စီးကရက်ကို ခြေထောက်နဲ့သူအသာနင်းခြေရင်း ကုန်တိုက်ရှေ့က overhead projecter ပေါ်ကပြည်သူ့အချစ်တော် သူမိဘနှစ်ပါးကို ကြည့်ရင်း Niki လှောင်ပြုံးပြုံးလိုက်သည်။
မိုက်ခကိုဖုန်းတွေ၊မိုက်တွေအများကြီးဟာ ထိုအမျိုးသားနှင့်ထိုအမျိုးသမီးကိုဦးတည်လျက် Interview နေသည်။
ဖေဖေနှင့်မေမေကကော်နဲ့ကပ်ထားသလိုပူးပူးကပ်ထိုင်နေကြတယ်၊ အိမ်မှာဆိုတစ်ယောက်ကိုတစ်ယောက်မြင်တာနဲ့ ရန်လိုနေတဲ့ ကမ္ဘာ့ရန်သူတွေကလေ၊၊ မေမေနှင့်ဖေဖေက စာချုပ်အရ သာလင်မယားတွေဖြစ်နေကြတာ၊ မိဘပေးစားလို့လက်ထပ်ကြတယ်ဆိုပါတော့၊ အသိုင်းအဝိုင်းကြီးတွေဆိုတော့ မချစ်သော်လည်းအောင့်ကာနမ်းရတဲ့
မထူးဇာတ်ခင်းထားတာပေါ့။အိမ်ခွဲနေကြတယ်၊ တွေ့တဲ့အချိန်ကြရင်လည်း တစ်ယောက်နဲ့တစ်ယောက်လည်းအမြဲတစေရန်လိုကြတယ်၊ ဒါပေမဲ့လည်း....
Social media platform တွေမှာတော့ တအားကိုချစ်ကြတဲ့လင်မယားတွေပေါ့
မေမေနဲ့ဖေဖေရဲ့ပိရိတဲ့လိမ်ဆင်ကြီးဘယ်တော့ပေါ်ထွက်လာမလဲ Niki သိချင်သေးတယ်။

,Interviewer : ဂျီထယ်ဆောင်းက ဇနီးဖြစ်သူကိုတော်တော်ချစ်တယ်ထင်တယ်နော်။

𝙱𝚒𝚕𝚕𝚜 Where stories live. Discover now