ဒီနေ့ နေခြည်ကို တစ်ယောက် အလုပ်ရှုပ်နေတာအမှန်။ မွေးရပ်မြေကိုပြန်ရတော့မယ်ဆိုတဲ့အသိက နေခြည့်ကိုတစ်နေ့လုံးစိတ်လှုပ်ရှားနေတဲ့အထိပါပဲ။ မေကြီးဆုံးသွားတုန်းကရင်းအိမ်မပြန်ရတာမို့ နေခြည်အိမ်ကို ရောက်ဖူးချင်လှပါပြီ။ ၁၀နှစ်သမီးအရွယ်မှစပြီးရန်ကုန်မှာရှိတဲ့ နေခြည့်ဒေါ်လေး စီမှာသာနေနေရသည်လေ။ ဖေကြီးကတော့တစ်ခါတစ်ရံလာလည်ပါသည်။ ငယ်ငယ်ကရွာမှာ နေခဲ့သည်ဆိုသော်လည်း နေ မမှတ်မိတော့ပါ။နေခြည်အခုစီပွားရေးဘွဲ့ရပြီးပြီမို့ရွာမှာရှိတဲ့ ဖေကြီးစီခနသွားလည်သင့်ပြီမလား ဘယ်လောက်ပဲနောက်အိမ်ထောက်ပြုပြု အဖေကအဖေပဲလေ။ ဒီနှစ်သင်္ကြန်ကို ရွာမှာသာ ဆင်နွှဲဖို့ပြင်လေသည်။
" ဒေါ်လေး သွားရအောင်လေ ညနက်ကုန်ဦးမယ်"
လှိုင်းကြည်ပြာမေ ဟာဒီနေ့မြန်မာ၀တ်စုံခရမ်းရောင်လေးအား၀တ်ဆင်ထားလေသည်။ ဆံထုံးပေါ်မှာလည်း ပိတောက်လေးအားပန်ထားလေသည်။ ဒီလိုနွေရာသီကြီးမှာ မြန်မာ၀တ်စုံ၀တ်နိုင်သေးသည့် ဒေါ်လေးကိုအံ့သြရပါသည်။
"အဲ့လောက်ထိလောစရာလိုလို့လား နေရယ် အိမ်ကပျောက်သွားမှာလည်းမဟုတ်တာကိုကွယ်""ဟုတ်ပါပြီရှင့် ဒေါ်လေးရဲ့"
အ၀တ်အစား၃ထုတ်လောက်ကို နေခြည်ကားပေါ်မတင်ရသည် သင်္ကြန်ကိုခနပဲသွားလည်မယ်လို့ပြောတဲ့ ဒေါ်လေးဟာ အ၀တ်ထုတ်၂ထုတ်နဲ့ မိန်းမတွေများပြောကိုမပြောချင်ပါ။ အားကောင်းသူပီပီ ပစ္စည်းတွေကိုတစ်ယောက်ထဲသာ ကားပေါ်တင်ရတော့သည် ကျေးဇူးရှင်ဒေါ်လေးကတော့ ပန်ကာအသေးလေးနဲ့သာယာနေလေသည်။
"နေတစ်ယောက်ထဲဖြစ်ပါ့မလား"
"ရပါတယ် နေတစ်ယောက်ထဲမောင်းနိုင်ပါတယ် ညောင်းရင်တော့ ခနနားမယ်လေ "
"နေ့သဘောလေ"
ကားပေါ်မှာစကားသံတွေဟာ ပျံ့လွင့်လျှက် မွေးရပ်မြေကိုပြန်ရတော့မယ်ဆိုတဲ့အသိကဘာနဲ့မှမလည်းနိုင်။ဒေါ်လေးရဲ့အပြုံးတွေဟာလည်းတောက်ပလျှက် နေခြည့်ဆုံးဖြတ်ချက်မှန်သွားသလိုခံစားရသည်။
"ဒေါ်လေးပြောတော့ မသွားချင်ဘူးဆို အခုကြသူမဟုတ်တဲ့အတိုင်း"
YOU ARE READING
သင်္ကြန်ပန်းကိုဆွတ်ခူးလိုချင် (Completed)
Lãng mạnဒီနှစ်သင်္ကြန်မှာ "မမ"ကိုပထမဆုံးရေလောင်းချင်တယ် ပြီးတော့ မောင်ကိုယ်တိုင် "မမ" ကိုပိတောက်ပန်းပန်ပေးချင်တယ်။