ep3 (သင်္ကြန်အကြို)

190 13 1
                                    

 
၁၃ရက်နေ့သင်္ကြန်အကြို

"သမီးထတာစောလှချီလား"

"ဟို နေပိတောက်ပန်းခူးချင်လို့"

"သမီးလိုချင်ရင် ဖေကြီးကိုပြောလေ ဖေကြီးခူးပေးမှာပေါ့လာ"

စိတ်မြန်လက်မြန်ရှိသောဖေကြီးဟာ ပိတောက်ပင်ပေါ်တက်ဖို့ပြင်လေတော့သည်။ ဘယ်လိုလုပ်ရပါ့မလဲ မမကိုလိုက်ဖို့ဆိုတာပြောရမလား ။မထူးကွာပြောလိုက်တော့မယ်

"မဟုတ်ဘူးလေဖေကြီးရဲ့ဟို.."

"အကို "

"သက်"

"ဘာလုပ်မလို့ သစ်ပင်ပေါ်တက်မလို့လား"

"သင်္ကြန် ကြီးမှာအကိုရယ် ပြုတ်ကျနေပါဦးမယ် သစ်ရွက်တောင်ခူးကောင်းတာမဟုတ်ဘူး သင်္ကြန် မှာသစ်ပင်တွေအသက်ဝင်တာအကိုမေ့သွားပြီလား"

"အကိုသိပါတယ်သက်ရာ သမီးလေးလိုချင်လို့လေ"

"သမီးလေးကလား"

"ဟို...ဟုတ်သလိုလိုမဟုတ်သလိုလိုနဲ့မဟုတ်ဘူး"

"ဟမ်" "ဘယ်လို"

"နေခူးချင်တာမှန်ပါတယ် ဒါမဲ့နေ့အတွက်မဟုတ်ဘူး"

"ဘုရားလှူမလို့လားကြီးသက်လုပ်လိုက်မယ်"

"ဟို..ဟိုလေ..မမပျို့ကိုပိုးမလို့"

"ဘာ!!!"

"ဖေကြီးအမွေဖြတ်ချင်ဖြတ်လို့ရပါတယ် နေကမမကို သင်္ကြန် အတွင်းရောက်အောင်ပိုးမှာ ဖေကြီးသဘောမတူလည်း နေမမကိုချစ်မိနေပြီ ဖေကြီးမုန်းချင်မုန်းလို့"

"ဟဲ့တိတ်ဖေကြီးဘာမှမပြောရသေးဘူးလေ"

"သိပါတယ် နေကြိုတင်ပြောထားတာပါ မိန်းမချင်းချစ်ကြိုက်တာကို ဘယ်မိဘကသဘောတူပါ့မလည်း နေသဘောပါက်ပါတယ်"

"သမီးဖေကြီးပြောတာကိုနားထောင်လိုက်ပါဦး"

"သက်ရေ..အကို့သမီးကတော့ အကိုတို့အတွက်ချွေးမရှာပေးနေတာတဲ့ ဟားဟား အဖေတူသမီးလေး"

"ဒါဆိုဖေကြီးသဘောတူပေါ့"

"တူတာပေါ့ဗျာ ဟုတ်တယ်မလားသက်"

"ကြီးသက်နဲ့နေ့ဖေကြီးက နေ့အတွက်အဆင်သင့်ရှိနေမှာ"

"ကျေးဇူးပါ ဖေကြီးနဲ့မေကြီ"

သင်္ကြန်ပန်းကိုဆွတ်ခူးလိုချင် (Completed)Where stories live. Discover now