ဒီနေ့ အတက်နေ့ညနေတောင်ရောက်နေပြီ နံနက်ဖြန်ဆို သင်္ကြန် ကပြီးပြီလေ။
"ခြယ်အဲ့မှာဘာလုပ်နေတာလဲ"
"ပြင်ဦးလွင်အလှကိုခံစားကြည့်နေတာပါ မမမေ"
ဟုတ်ပါတယ်ခြယ်တို့ကအခုထိပြင်ဦးလွင်မှာပါ။ မနေ့ကအပြန်လမ်းမှာ ကားပျက်သွားတဲ့အတွက် ကန်တော်ကြီးနဲ့နီးရာ နန်းမြိုင်ဟိုတယ်မှာသာဝင်တည်းလိုက်တော့သည်။ ဒီနေ့က သင်္ကြန်နောက်ဆုံးနေ့မို့ လမ်းအရမ်းရှုပ်လို့နေသည်။ မမမေက နေ့လောက်ကေားမာင်းကျွမ်းသူမဟုတ်သည့်အတွက် ခြယ်တို့လေးယောက်လုံး သင်္ကြန် ပြီးမှသာပြန်ကြရုံသာရှိသည်။ နေကလဲအခုထိ အားနည်းနေသေးသည်မဟုတ်လား။
"ခြယ့်"
"ဗျာ ..."
"လမ်းလျှောက်ထွက်ရအောင်လေ"
"ညနက်နေပြီလေ မမမေ"
"မေထမင်းစားထားလို့ပါ ခြယ်မလိုက်ချင်မလိုက်ခဲ့ပါနဲ့"
"နေဦးလေ မမမေ ခြယ်လိုက်ခဲ့မယ်"
စိတ်ဆိုးသွားပုံရောက်တဲ့ မမမေဟာ ခြယ့်ကိုမစောင့်ပဲသွားခဲ့သည်မို့အပြေးလိုက်ရသည်။ ခြေတံတိုတိုလေးနဲ့မြန်မြန်လျှောက်နေတဲ့ ဆရာဝန်မလေးကတကယ့်ကိုအူယားစရာပါလေ။
"ဟွန့်ခေါ်တုန်းကမလိုက်ပဲ"
အနောက်ကခြယ်ပြေးလိုက်လာမှန်းသိသော်လည်း မသိချင်ယောင်ဆောင်ကာဆက်သွားလိုက်သည်။ စိတ်ဆိုးသင့်တယ်မလား နှစ်ယောက်ထဲအတူအချိန်ဖြန်းချင်တာကို အလိုက်ကမ်းဆိုးမသိတာ စိတ်တိုချင်စရာ။
"နေ့ဘာချောင်းနေတာလဲ အမြင်မတော်ပါဘူးကွယ်"
နေချောင်းနေတာအခြားသူမဟုတ်ပါ ဒေါ်လေးတို့ကိုချောင်းနေခြင်းဖြစ်သည်။
"မမကြည့်ပါဦး ဖွင့်ပြောလိုက်ပြီထင်တယ် ဖက်နေကြတာ"
"မောင်ဟာလေ ကလေးကုလားနဲ့အတွဲချောင်းရတလား"
"ကလေးပဲလေမမရဲ့"
"ဘာကလေး ထုလိုက်ရ"
"ဂွက်"
ထုလိုက်ရလို့လဲပြောသေးတကယ်လဲထုသေး
"အားကျွတ်ကျွတ် မမနာတယ်"
YOU ARE READING
သင်္ကြန်ပန်းကိုဆွတ်ခူးလိုချင် (Completed)
Romanceဒီနှစ်သင်္ကြန်မှာ "မမ"ကိုပထမဆုံးရေလောင်းချင်တယ် ပြီးတော့ မောင်ကိုယ်တိုင် "မမ" ကိုပိတောက်ပန်းပန်ပေးချင်တယ်။