ep 2

235 17 1
                                    

"နေ သမီးလေး ထတော့"

"ဒေါက် ဒေါက်"

"ဟင်..၆နာရီပဲရှိသေးတာကို ၀ါး"

"ဒေါ်လေးရေ..ထတော့"

"အွန်း...ဘယ်နှစ်နာရီတုန်း"

"၆နာရီ"

"ဟမ်၆နာရီပဲရှိသေးတာလေ နေရဲ့"

"လာလာထတော့ ညနေမှထပ်အိပ်မယ် ဖေကြီးတို့စောင့်နေလောက်ပြီ"

ဘ၀မှာစောစောထရမယ်လို့နေမတွေးဖူးပါ။ နေဆိုတဲ့အတိုင်းနေဖင်ထိုးမှထတာလေ။
"သမီးတို့နိုးပြီလား"

"ဟုတ်ကဲ့ ဖေကြီး"

"အိမ်နောက်မှာ ရေကန်ရှိတယ်သမီး သွားတိုက်တံတွေအဆင်သင့်ပြင်ထားတယ် ညီမလေးလည်းသွားသစ်တော့ ဖေကြီးတို့ထမင်းစားဖို့စောင့်နေမယ်"

"ဟုတ်ကဲ့"

အိမ်နောက်ဖေးက တကယ့်ကိုလှတာပဲ လှတယ်ဆိုတာထပ်အေးချမ်းတယ် သစ်တောစိမ်းစိမ်းလေးတွေနဲ့ ပန်းပေါင်းစုံရနံ့တွေဟာလည်း နေ့ရဲ့ နံနက်ခင်းကို
ပြည့်စုံသွားသလိုပါပဲ သို့သော် ..

"နေ ဒီမှာရေချိုးရမှာပေါ့နော်"

"အွန်း..နေလဲဒီလိုထင်တာပဲ"

"ရှက်စရာကြီး"

အိမ်ကသာတိုက်အိမ်ဆိုပေမဲ့ခြံ၀န်းကို၀ါးတိုင်တွေနဲ့ အိမ်တိုင်းနီးပါးကာထားသည် ထို့ကြောင့်လမ်းသွားလမ်းလာတွေအားမြင်ရလေသည် ။

"ဖေကြီးကို ရေချိုးဖို့ မိုးကာတွေကာထားဖို့ပြောရမယ်"

"မေလည်းအဲ့တာပြောချင်တာ"

"ပိတောက်ရနံ့တွေသင်းနေတာပဲနော် နေ"

"ပိတောက်တွေဘယ်အချိန်ပွင့်တာလဲ တစ်ချို့အပင်တွကြပွင့်ပြီး တစ်ချို့ကြမပွင့်ဘူး ၁နှစ်မှာတစ်လ ထိုတစ်လမှာ ရက်ကောင်းရက်မြတ်တွေမှာပဲပွင့်တာဆို "

"အရင်ကတော့ ပုံမှန်ပါပဲ အခုတော့ မေမသိတော့ဘူး ပိတောက်တွေကသစ္စာမရှိတော့ဘူးလေ ၀ေး၀ေးမကြည့်ပါနဲ့ အိမ်ရှေ့နဲ့ရေကန်နားမှာရှိတဲ့ပိတောက်တွေကပွင့်နေပြီ ဟိုးဘက်အိမ်ကပိတောက်တွေကမပွင့်သေးဘူးတွေ့လား လူတွေလိုပဲသစ္စာမရှိကြတော့ဘူး"

သင်္ကြန်ပန်းကိုဆွတ်ခူးလိုချင် Where stories live. Discover now