လမ်းတစ်လျှောက်လုံးခြယ်နဲ့စကားပြောရင်းသာပြန်လာခဲ့ကြသည်။
"ဟင် အဖေ့"
တရားစခန်း၀င်နေတယ်အဖေဟာ အိမ်ကိုပြန်ရောက်နေလေပြီ.
"ဘယ်တွေသွားနေတာလဲ ပျို့!"
"မေတို့အိမ်ပါ"
"အေးနော် ငါမရှိတုန်းဖြစ်ချင်တာတွေဖြစ်မနေနဲ့"
"ဟုတ်ကဲ့"
"သွားအ၀တ်အစားသွားလဲ ထမင်းပြင်ထားမယ်"
"ပျိုလုပ်လိုက်ပါ့မယ်"
"သွားအ၀တ်အစားသာသွားလဲ"
"ငါ့သမီးကအပျိုကြီးတောင်ဖြစ်နေပြီ အခုထိဒီအဖေမျက်လုံးထဲကလေးလေးလို့ပဲမြင်နေတုန်းကွ"
"ဟီး အဖေကလဲ"
"ထည့်စားသမီး"
"ဟုတ်"
အမေမရှိသော်လည်း အဖေ့မေတ္တာနဲ့တင်ပြည့်စုံနေပါပြီ။
ဒီနေ့တစ်နေ့လုံးပျိုအပြင်ထွက်မရပါ အဖေကစိတ်မချဘူးတဲ့လေ။
"မမပျို"
ခြယ်ရောက်လာပြီဆိုတော့ နေများပါလာမလားလို့ကြည့်ရသေး
"နေပါမလာဘူး"
"ရှူးတိုးတိုး"
"ဒီနေ့သွားမလည်ဘူးလား"
ဒီနေ့ သင်္ကြန်အကြတ်နဲ့ဆိုသော်လည်း အဖေရှိသည်မို့ ဘယ်မှသွားမလည်ရပါ။
"ဘာလဲ ဦးကြီးကမလွှတ်လို့လား"
"ဟုတ်တယ်"
"ဟွန် ခြယ်လေးရောက်နေတာပဲ လာထိုင်ကြလေ အိမ်ရှေ့မှာဘာလုပ်နေကြတာ"
"ဟုတ်ဦးကြီး"
ဦးကြီးခေါ်နေပြီမို့ မတတ်နိုင်သည့်အဆုံးအိမ်ထဲသာ၀င်လိုက်သည်။
"သမီးအမေတို့ရောနေကောင်းလား"
"ကောင်းပါတယ် ဦးကြီး"
"ဟိုလေ...မမကဘုန်းကြီးကျောင်းသွားချင်လို့တဲ့"
"မနေ့ကသွားတာဆို"
တစ်ယောက်နဲ့တစ်ယောက်လက်တို့၍ အကြည့်ချင်းစကားပြောနေကြသည့်အပိုင်းက ခြယ်တို့ကျွမ်းကျင်တဲ့အပိုင်းနဲ့လုပ်နေကြအကွက်တွေပေါ့။ ရွာသူကြီးနာမည်ကြီး တခြားတော့မဟုတ် သမီးဥစ္စာခြောက်တာပါ သူများလက်ထဲပါသွားမှာကိုသူကြီးကတအားကြောက်တာလေ။ မမပျိုကလဲ ကြွေရုပ်လေးလိုတအားလှတာ မြင်သူတိုင်းငေးကြည့်ရတဲ့သူမျိုး ရွာသူဆိုသော်လည်း ပညာတတ်ထဲမှာ မမပျိုတစ်ယောက်သာရှိတာ ခြယ်တို့ကဆယ်တန်းအောင်ရင်ပြီးရောဆိုပြီးနေခဲ့ကြတာ မမမေနဲ့တွေ့မှ နောင်တတွေရလာတာ။ မမမေကဆရာ၀န်တစ်ယောက် သူဌေးသမီး ခြယ်တို့နဲ့ဆိုမိုးနဲ့မြေ မမှီနိုင်တဲ့ပန်းကိုတော့ ခြယ်မခူးချင်တာ မဟုတ်ဘူး မခူးရက်တာ သင်္ကြန်ပန်းကိုဆွတ်ခူးချင်သော်လည်း မထိုက်တန်ဘူးထင်တယ်။
YOU ARE READING
သင်္ကြန်ပန်းကိုဆွတ်ခူးလိုချင်
Romanceဒီနှစ်သင်္ကြန်မှာ "မမ"ကိုပထမဆုံးရေလောင်းချင်တယ် ပြီးတော့ မောင်ကိုယ်တိုင် "မမ" ကိုပိတောက်ပန်းပန်ပေးချင်တယ်။