Sehun……ဘာလဲ ဘာကိုလဲ ဘာကိုလဲ Jongin ရာ မင်းမရစ်နဲ့ကွာ
Jongin……ငါရစ်နေတာမဟုတ်ဘူး Sehun မင်းနဲ့အဲ့ကောင်မလေးနဲ့ ငါ့ကိုတောင်မမြင်ဘဲ ပလူးပလဲ
တွေဖြစ်နေကြတာလေ
Sehun……ငါ့အစ်မလို့ပြောပြီးပြီပဲကွာ ဘာတွေထပ်ရစ် နေတာလဲ
Jongin……အစ်မ……… ယုံအောင် ပြောစမ်းပါ Sehun ရာ အဲ့လောက်ထိ ဖက်ယက် ပျော်မြူပြီး ငါမင်းတို့ရှေ့တည့်တည့်မှာရှိနေတာတောင် မမြင်နိုင်တဲ့အထိ ပလူးနေကြတာ အစ်မလား
Sehun……Jongin မင်းမယုံလည်းမတက်နိုင်တော့ဘူး ငါပြောနိုင်တာ ဒါအကုန်ပဲ မင်းတွေ့ခဲ့တာ ငါ့အစ်မတစ်ဝမ်းကွဲ မနေ့ကမှ U.S ကနေ Korea ပြန်ရောက်လာတာ မတွေ့တာကြာလို့ ငါတို့မောင်နှမနှစ်ယောက် လျှောက်သွားကြတယ်
Jongin……ငါ့ကို မင်းပြောတုန်းက မင်းအမေ အလုပ်ကိစ္စခိုင်းလို့ဆို မင်းဘာလို့လိမ်တာလဲ မင်းအစ်မဆို မင်းပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့ မင်းမရိုးသားလို့ ငါ့ကိုလိမ်ပြောသွားတာပေါ့
Sehun……Kim JongIn
Sehun ရုတ်တရတ် ဒေါသတကြီး နဲ့အော်လိုက်တာကြောင့် Jongin မျက်ရည်လေးတွေဝဲလာသည်။
Sehun……အေး မင်းငါ့ကိုမေးတုန်းက ငါတကယ် ငါ့အမေခိုင်းလို့အပြင်ခဏသွားခဲ့တာ ဒါပေမဲ့ လမ်းမှာ ငါ့အစ်မနဲ့မထင်မှတ်ဘဲ တွေ့တော့ သူငါ့ကို အတင်းခေါ်သွားလို့ သူနဲ့ပါသွားတာ မတွေ့တာကြာလို့ ငါတို့နှစ်ယောက် ပြန်တွေ့တော့ လျှောက်သွားဖြစ်ကြတယ် အဲ့ဒါပဲ မင်းအဲ့ဒါကိုမှမယုံရင်လည်း မင်းထင်ချင်သလိုသာထင်လိုက်တော့ ငါလည်းမတက်နိုင်တော့ဘူး မင်းလုပ်ချင်တာသာလုပ်
Jongin……မင်းဘာကို ဆိုလိုတာလဲSehun
Sehun……မင်းသဘော မင်းလုပ်ချင်တာသာလုပ်တော့
Jongin……မင်းက လမ်းခွဲချင်နေပြီလား အဲ့လိုလုပ်စေချင်တာလား
တစ်ရှိုက်ရှိုက်နဲ့ငိုသံလေးကြောင့်
Sehun……ငိုနေတာလား
Jongin……မငိုဘူး ငါမေးတာဖြေပါ
Sehun Jongin ပခုံးနှစ်ဖက်လုံးကိုကိုင်လိုက်ပြီး
Sehun……မဟုတ်ပါဘူးကွာ မငိုပါနဲ့ ငါမနေတက်ဘူးကွ ငါဒေါသထွက်သွားလို့ပါ ငါတောင်းပန်ပါတယ် မင်းကငါပြောတာမှမယုံတာ အဲ့ဒါငါ့အစ်မပါကွာ ငါမလိမ်ပါဘူး ငါဘယ်တုန်းကမင်းကိုလိမ်ပြောဘူးလို့လဲ စိတ်မဆိုးနဲ့တော့နော် ငါလည်းမဆိုးဘူး အော်ပြောခဲ့မိတာကိုလည်း တောင်းပန်တယ်
