Jongin တစ်ယောက် ဆိုင်အနောက်တည်းခဏဝင်သွားပြီး
ပြန်ထွက်လာတော့ Sehun ကိုမတွေ့တာကြောင့်
Jongin……Baek hyung Hun ကော
Baek……hyung သတိမထားမိလိုက်ဘူး အပြင်ထွက်သွားတယ် ထင်တယ်
Jongin……အာာ ဒီကောင်လေးကလည်း အပြင်မှာ ဒီလောက်မိုးတွေသည်းနေတာကို
Jongin ဆိုင်အပြင်ထွက်လာတာ့ မြင်လိုက်ရတဲ့မြင်ကွင်းက
Jongin……Hun
မိုးရေထဲမှာ နူးညံမှု့ကြည်နူးမှု့အပြည့်နဲ့ အနမ်းမိုးရွာနေတဲ့ ကောင်လေးနှစ်ယောက် မိုးရေတွေကြောင့် ဘယ်သူဆိုတာ သေချာဝေခွဲမရပေမဲ့
Sehun တစ်ယောက် သူ့ရဲ့နှုတ်ခမ်းသားလေးပေါ်ကျရောက်တာတဲ့ နူးညံတဲ့အထိတွေ့လေးတစ်ခုကြောင့် မျက်လုံးတွေပြူးကျယ်သွားပြီး ရင်တွေလည်းခုန်နေကာ လက်တွေတောင်တုန်ရီလာလို့ ကိုင်ထားတဲ့ထီးတောင် လက်ထဲကနေ လွတ်ကျလာတော့သည်။
Mim Seok တစ်ယောက် ပိုင်ရှင်ရှိနေတဲ့လူတစ်ယောက်ကို ဒီလိုမျိုး အနမ်းတွေပေးနေမိတာ အပြစ်ရှိသလိုခံစားနေရပေမဲ့ အချစ် ဆိုတဲ့ ဆွဲအား ကြောင့် မိုးရေထဲ သူ့ကိုလာကြိုရှာတဲ့ ဒီကလေးလေး ရဲ့နှုတ်ခမ်းလေးကို အပိုင်သိမ်းမိလိုက်တယ်။
ကလေးလေး ရဲ့ခါးထက် သူ့လက်တွေကို ချိတ်တွဲလိုက်ပြီး ပိုပြီး နက်ရှိုင်းပြီး အဓိပ္ပာယ်ပြည့်စုံတဲ့အနမ်းတွေနဲ့ ကလေးလေး ရဲ့နှုတ်ခမ်းသားကို နမ်းရှိုက်နေတော့သည်။
Sehun သူ့ရဲ့နှုတ်ခမ်းသားကို ပိုမို ပြင်းထန်စွာ နမ်းရှိုက်လာတဲ့ အနမ်းတွေကို ဖြေးညင်းစွာတုန့်ပြန်မိလိုက်တယ်။အလိုက်သင့်လေး ခေါင်းလေးစောင်းပေးပြီး Min Seok နဲ့ထပ်တူကျတဲ့ အနမ်းလေးတွေပြန်လည်ပေးလိုက်တော့သည်။
Jongin သူ့ရှေ့တည့်တည့်မှာ သည်းထန်စွာရွာသွန်းနေတဲ့ မိုးရေတွေနဲ့အတူ အနမ်းတွေကြားထဲနစ်မွန်းနေကြတဲ့ Sehun နဲ့ Min Seok ကိုကြည့်ပြီး
Jongin…… Sehun မင်းဘာလုပ်နေတာလဲ
Jongin တစ်ယောက် ရုတ်တရတ် Sehun လက်ကိုဆွဲပြီး အော်လိုက်တာကြောင့် Min Seok နဲ့ Sehunတို့အနမ်းတွေရပ်လိုက်ပြီး