Jongin ကတော့ hyung ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ မျက်ရည်တွေ စီးကျဆဲ
Kyungsoo……Jonginna အရမ်းမငိုနဲ့လေ ပင်ပန်းတယ်
Jongin……minyar hyung ကျွန်တော် ရုတ်တရပ် စိတ်မထိန်းနိုင်လို့
Kyungsoo……ရပါတယ် ငိုချင်နေတုန်းသာ ငိုချလိုက် ကြိတ်ခံမနေနဲ့ ပိုခံစားရတယ်
Jongin……gumarwoo hyung
hyung နဲ့ ကျွန်တော် အရမ်းခင်သွားပြီနော်Kyungsoo……Jongin ကအခုမှလား hyung က Jongin ကို အရင်တည်းက အရမ်းခင်တာကို
Jongin……hee hyung ကလည်း ကျွန်တော်လည်း အစတည်းကခင်ပါတယ် hyung က နည်းနည်းတမျိုးဆိုတော့
Kyungsoo……အယ် hyung က ဘာဖြစ်လို့တုန်း
Jongin……ဘာမှမဟုတ်ပါဘူး ဟီးး hyung ကချစ်ဖို့ကောင်းတယ်ရယ်
Kyungsoo……ဟားးးဟားးဟုတ်ပါပြီ Jongin ကလည်း ချစ်ဖို့ကောင်းပါတယ်
Jongin……hee
Kyungsoo……Jongin ဒီရက်ပိုင်းအတွင်း စိတ်ညစ်စရာတွေရှိနေတယ်ထင်တယ် ဟိုနေ့ကလည်း ကားနဲ့တိုက်မိတော့မလို့လေ
Jongin…… ဒီလိုပါပဲ hyung
Kyungsoo……ဘာလဲ ရည်းစားနဲ့ အစဉ်မပြေဘူးလား
Jongin……ဆိုပါတော့ hyung ရယ်
Kyungsoo……aww Jongin က ရည်းစားရှိတယ်ပေါ့
Jongin……သူငယ်ချင်းအရင်းကြီးတွေလေ နောက်ကျ သူငယ်ချင်းကနေ အဆင့်တွေတိုးလာတယ် တွဲနေရင်း သူက ကျွန်တော့်ကိုတကယ်မချစ်ဘူးတဲ့ သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တော့ရှိတယ်တဲ့ ညီအစ်ကို သံယောဇဉ်တယ် သူတကယ်ချစ်တဲ့သူတွေ့သွားပြီတဲ့ သူငယ်ချင်းလိုပဲ နေရအောင်တဲ့
Kyungsoo……aww
Jongin……သူကပြောတယ် ကျွန်တော်လည်း သူ့အပေါ်ထားတဲ့ ခံစားချက် သံယောဇဉ်တွေက ညီအစ်ကို သံယောဇဉ်တဲ့
တစ်နေ့ကျတကယ်ချစ်တဲ့သူတွေ့လာရင် သူ့ကိုနားလည်ပေးနိုင်မှာပါတဲ့Kyungsoo……Jongin က သူပြောသလို သူ့အပေါ် ညီအစ်ကို သံယောဇဉ်ရှိတာလား တကယ်ချစ်တာလားဟင်
Jongin……ကျွန်တော် မသိဘူးhyung ကျွန်တော်တကယ်ပဲ သူတို့ပြောသလို သူ့အပေါ်ထားတဲ့ ညီအစ်ကိုသံယောဇဉ်ကို အတင်းအချစ်အဖြစ်ပြောင်းလဲထားတာလား တနေ့ကျတကယ်ပဲ ချစ်တဲ့သူတွေ့လာမှာလား သူအပေါ်အခုတော့ ခံစားချက်သိပ်မရှိတော့ဘူး ဒါပေမဲ့ တွေးလိုက်ရင် ဒေါသထွက်မိတယ် ကျွန်တော့်ဘဝမှာ မိဘဆိုတာလည်းမရှိတော့ဘူး ညီအစ်ကိုမောင်နှမဆိုတာလည်းမရှိဘူး ကျွန်တော့်အတွက် သူပဲရှိတာ သူသိရဲ့သားနဲ့
