အပိုင်း(၁၅) Uni+Zaw

1.5K 73 4
                                    

Unicode
(၁၅)
လွန်းပင်ရိပ် နေမကောင်းလို့သာ အိမ်မှာနေခဲ့ရပေမဲ့ ရဝေ့ကိုစိတ်မချ။ ဒီကောင်လေးက ဉာဏ်နီဉာဏ်နက်သိပ်များလှသည်။ သူမရှိလျှင်မရှိသလိုမွှေတတ်တာမို့ သူ့မှာမျက်စိအောက်ကအပျောက်မခံရဲ။ မနက်က သူနေမကောင်းလို့ ကျောင်းမတက်နိုင်ကြောင်းပြောတော့ ရဝေ့မျက်နှာစပ်ဖြီးဖြီးဖြစ်သွားသည်ကို တွေးမိတိုင်းပိုရတက်မအေးဖြစ်ရသည်။

"အမေ...သားအပြင်ခဏသွားဦးမယ်"

"နေလည်းမကောင်းတာကို ဘယ်သွားမှာလဲ သားရယ်"

"ခဏပဲ အမေ...သားသိချင်တာလေးရှိလို့"

"အင်းပါ..ပြီးတာနဲ့ချက်ချင်းပြန်လာနော်"

"ဟုတ်ကဲ့ အမေ"

အမေ့ဆီက ခွင့်ပြုချက်ရတာနဲ့ လွန်းပင်စက်ဘီးယူကာ ရွာတံတားဆီထွက်လာခဲ့လိုက်သည်။

တံတားနားရောက်တော့ မြစ်နားမှာလူတွေစုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက်ရသည်။ ဘာများဖြစ်နေတာပါလိမ့်။

"ရဝေ...ရဝေ ရေနစ်နေပြီ"

ကြားလိုက်ရသောအသံများကြောင့် လွန်းပင် မျက်လုံးတွေပြာကာ ကမ်းနားသို့အမြန်ပြေးဆင်းလာမိသည်။ သူသေချာပေါက် ရဝေ လို့ကြားလိုက်မိပါသည်။ ရဝေသာတစ်ခုခုဖြစ်ရင်ဆိုတဲ့ အတွေးကြီးက ကမ်းစပ်ကိုပြေးလာတဲ့ တစ်လျှောက်လွန်းပင်ရင်ကိုတစ်စစီဆွဲဖြဲနေတာမို့ အသက်ပင်မနည်းဝအောင်ရှူနေရသည်။

"လွန်းပင် လုပ်ပါဦး ရဝေ ရဝေ ဟိုနားမှာ"

ရဝေ့သူငယ်ချင်းလက်ညိုးထိုးပြရာနေရာကို ကြည့်လိုက်တော့ ရေထဲမှာပေါ်တဝက်မြုပ်တဝက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ရဝေ့ကိုတွေ့လိုက်ရ‌သည်။ ရေထဲဆင်းဖို့ပြင်နေစဉ်မှာပဲ ရဝေ့ကိုမတွေ့ရတော့။

ခေါင်းထဲအချက်ပေးသံတွေဆူညံသွားရကာ အရူးတစ်ယောက်လိုရေထဲအမြန်ထိုးဆင်းပြီး ရဝေရှိရာနေရာစီကူးခတ်သွားလိုက်သည်။

မြစ်ရေက နောက်ကျိနေတာမို့ ရှာရတာကထင်သားသလောက်မလွယ်ကူနေခဲ့။ သို့သော် ရဝေမြုပ်သွားတဲ့နေရာကို မှန်းဆပြီးကူးသွားလိုက်သည်။ ရေထဲမှာ မျက်မှန်းတန်းပြီးလိုက်ရှာနေရပြီး ထိုအခိုက်အတန့်မှာ ရဝေ့ကိုရှာတွေ့လိုက်ရသည်။ လွန်းပင် ရဝေ့ကိုအမြန်‌ဖမ်းကိုင်လိုက်ပြီး ရေမျက်နှာပြင်အပေါ်ပြန်တက်လာခဲ့သည်။ ကူရှာပေးတဲ့လူတွေကလည်း လွန်းပင်တို့ကိုမြင်တော့ လာကူပေးကြသည်။

လွန်းပင်နှင့်အုန်းပင်မည်သူ့ပိုချစ်သနည်း။ (Completed)Where stories live. Discover now