အပိုင်း(၂၈) Uni+Zaw

1.3K 71 4
                                    

Unicode
(၂၈)
"အုန်းပင်..အုန်းပင်"

မိုးတွေအရမ်းရွာနေတဲ့ကြားမှာ အသံလေးကိုကြားလိုက်မိတာမို့ သူနားကြားမှားတာများလားဆိုပြီးတွေးမိလိုက်သေးသည်။ သို့သော် အိမ်တံခါးကိုတဝုန်းဝုန်းလာထုတဲ့သံကြောင့် လွန်းပင်စာအုပ်ဖတ်နေရာကနေ အမြန်ထသွားပြီး တံခါးမကြီးဂျက်ကိုဖြုတ်ပေးလိုက်သည်။

"အုန်းပင်..."

ဘယ်ကနေဘယ်လောက်တောင်ပြေးလာသလဲမသိ။ အမောတကောနဲ့တစ်ကိုယ်လုံးစိုရွဲနေတဲ့ ရဝေ့ကိုကြည့်ပြီး လွန်းပင်စိတ်ပူသွားရသည်။ သို့သော်မျက်လုံးတွေကိုကြည့်လိုက်တော့ ကြည်လင်နေတာမို့သူစိတ်သက်သာရာတော့အနည်းငယ်ရသွားသည်။

"ဝေဝေ မိုးတွေရွာနေတာကိုကွာ"

"တဘက်လေးတစ်ထည်လောက်ပေးပါဦး"

"အင်းအင်း ခဏစောင့်နေနော်"

ရဝေတစ်ယောက်တုန်တုန်ရီရီနဲ့ပဲ တံခါးဝနားမှာစောင့်နေလိုက်သည်။ အတော်လေးကိုစိုရွဲလာတာမို့ ဧည့်ခန်းထဲထိမဝင်တော့။

"ရော့...အဝတ်တွေပါတစ်ခါတည်းလဲလိုက်"

"ကျေးဇူး ကျေးဇူး"

ထို့နောက် ရုတ်တရက်ကြယ်သီးတွေထဖြုတ်တဲ့ အနှီရွာဇော်လေးကြောင့် လွန်းပင်မှာအလန့်တကြားထအော်ရတော့သည်။

"ဝေဝေ!!ဘာလုပ်နေတာလဲ"

"ဟမ်???အဝတ်လဲမလို့လေ"

"အခန်းထဲသွားလဲလေကွာ"

"ကြမ်းတွေရေစိုကုန်လိမ့်မယ်"

"ကျစ်..အဲ့တာကပြီးရင်ပြန်ခြောက်လိမ့်မယ် သွား အခန်းထဲသွားလဲ"

"မင်းဟာလေ တကယ့်လူဂွစာ"

ပက်ခနဲပြန်ပြောပြီး ကော့တော့ကော့တော့နှင့်ထွက်သွားသော ရဝေ့ကိုကြည့်ပြီး လွန်းပင်သက်ပြင်းချမိသည်။ မျက်စိထဲမှာအဖြူရောင်ညှပ်ရိုးတစ်စုံကပြန်ပေါ်လာသည်မို့ လွန်းပင် ခေါင်းကိုခါထုတ်လိုက်ရသည်။

"ဟူး...ရဝေတိမ်နောင်တို့ကတကယ်ကြောက်ရကောင်းမှန်းမသိဘူးပဲ"

"အုန်းပင်!!!"

တွေးနေတုန်းတန်းလန်းမှာပင် အခန်းထဲမှအော်သံကထွက်လာတာမို့ အခန်းဘက်ကိုလိုက်လာလိုက်သည်။

လွန်းပင်နှင့်အုန်းပင်မည်သူ့ပိုချစ်သနည်း။ (Completed)Where stories live. Discover now