Part-19 (U+Z)

125 7 0
                                    

Unicode

ထူးဆန်းစွာနှင့်ပင် ယနေ့တွင်တော့ ကျောင်းကို သဲကားကြီးတစ်စီး ထိုးစိုက်လာသည်။ ထိုကားကြီးက ကျောင်းဝန်းအတွင်းထဲသို့ ဘေးဝင်ပေါက်မှ ပတ်ဝင်လာပြီး ကျောင်းအားကစားကွင်းနေရာတွင်ရပ်သည်။ ထို့နောက် ကားပေါ်မှ အလုပ်သမားအချို့ဆင်းလာကြပြီး အားကစားကွင်းအဟောင်းကြီးကိုစစ်ဆေးသည်။

"ကစားကွင်းက ကျယ်တော့ ဒီ အုတ်တွေ ၊ ကျောက်တွေ၊ မြက်တွေကိုရှင်းဖို့က ကျွန်တော်တို့မှာ ရှိတဲ့ လူနဲ့ပဲဆိုအချိန်ပိုကြာမယ်။ လက်ခလည်းပိုကုန်လိမ့်မယ်။ ကျွန်တော်တို့အတွက် လူအင်အားနည်းနည်းပိုရရင်ကောင်းမယ်ဗျာ့။"

အလုပ်သမားခေါင်းဆောင်ဟုထင်ရသူကပြောလာသည်။

"ကျွန်တော်တို့ကူမယ်လေဗျာ့။"

ဆရာကြီးဘေးမှာ ရပ်နေသော တိုးတက်ဟိန်းကပြောလာသည်။

စင်စစ်သော်ကား ကျောင်းသားများဆော့ကစားရန်အတွက် ဆရာကြီးက ကျောင်းအားကစားကွင်းကို ပြင်ဆင်ပေးရန်ဖြစ်သည်။

ယခင် ရက်အနည်းငယ်ခန့်က စာသင်ခန်းများကိုလျှပ်တပြက်စစ်ဆေးနေစဉ်မှာ ကျောင်းသားများပြောသော စကားများကို ဆရာကြီးကကြားခဲ့လေသည်။ ထို့ကြောင့်မြို့နယ်ပညာရေးမှူးရုံးကိုစာတင်ရင်း စာကျလာသည်နှင့်တစ်ပြိုင်နက် အားကစားကွင်းကိုပြင်ဆင်ရန် ဆရာကြီး ကြိုးပမ်းတော့သည်။

"နေပူပါတယ်သားတို့ရာ။ ရာသီဥတုက ခုနေပူလိုက် ခုမိုးရွာလိုက်နဲ့ မင်းတို့တွေအပူရှပ်မယ်။ ဆရာကြီး ဒီနားကအလုပ်သမားနည်းနည်းလောက် ရှာလိုက်ပါမယ်။"

"ရပါတယ်ဗျာ့။ ဒါမျိုးကသားတို့လုပ်နေကြပဲ။ သားတို့လည်းကုသိုလ်ရတာပေါ့ ဆရာကြီးရယ်။"

၈တန်းမှ ကျောင်းကောင်စီဝင်တစ်ဦးက ပြောလာတော့တခြားသူများကထောက်ခံကြသည်။

"အင်းပါ မင်းတို့ကူချင်ရင်လည်း နိုင်သလောက်ကူကြပေါ့။ ဆရာကြီးလည်းဒီနားမှာ လူနှစ်ယောက်သုံးယောက်ရမလား သွားရှာလိုက်မယ်။ ကဲ...အခု ဆရာကြီးပြောတာနားထောင်။ ကောင်စီကလူတွေနဲ့ ဒီကအလုပ်သမားတွေမှာ သဲချမယ့်သူကလွဲပြီး တခြားသူတွေက ဒီကွင်းထဲကိုရှင်းလင်းရေးလုပ်မယ်။ မြက်တွေနှုတ်ရမယ်။ ပြီးရင်ကျောက်ခဲတွေရှိရင်ဖယ်ပစ်ရမယ်။ ကျောက်တုံးအကြီးကြီးတွေကိုတစ်ယောက်တည်း မ မနိုင်ရင် နှစ်ယောက်မ,ရမယ်။ နားလည်တယ်မလား။ စူးစရာတွေရှိနိုင်လို့ အကုန်လုံးဖိနပ်စီးပြီးလုပ်ကြ။ ဂေါ်တွေပေါက်ပြားတွေကတော့အဆင့်သင်ပဲ။ လိုအပ်ရင်ယူကြ။"

Wazo (ဝါဆို)Wo Geschichten leben. Entdecke jetzt