Chapter - 1 [ Unicode ]

2.8K 150 162
                                    

ဤFictionတွင်ပါဝင်သော အကြောင်းအရာများ
အားလုံးဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်
ရေးသားခြင်းဖြစ်ပါသည်။

__________

လွန်ခဲ့သည့်နှစ်၁၀၀ကျော်လောက်က အင်အားကြီးသူတွေဖြစ်ကြသည့် ဝံပုလွေမျိုးနွယ်စုတွေစုဝေးနေထိုင်ခဲ့ကြသည်။ဝံပုလွေတွေထဲ အင်အားကြီး
သူတွေအားလုံးက ဝံပုလွေအဖြူတွေနဲ့မီးခိုးရောင်
ရှိသည့် အင်အားကြီးဝံပုလွေတွေသာဖြစ်သည်။

အနက်ရောင်၊အညိုရောင်၊အဝါရောင် အစရှိသည့်
ဝံပုလွေတို့သည်လည်း မျိုးနွယ်စု​တွေထဲပါဝင်ကြ
သည်။Alpha,Beta,Omega အစရှိကြလေသည်။
မီးခိုးရောင်ဝံပုလွေနဲ့အနက်ရောင်ဝံပုလွေအပြင်
တစ်ခြားခေါင်းဆောင်တိုင်းဟာ Dominant Alphaတွေသာဖြစ်ကြတာမို့ သူတို့ယူထားသည့်
Alphaဇနီးဖြစ်သော်လည်းကောင်း၊omegaဇနီး
ဖြစ်သော်လည်ကောင်း မွေးလာသည့်ကလေးတိုင်း
စွမ်းအားကြီးသော်လည်း အဖြူရောင်ဝံပုလွေတွေ
ကဲသို့မကြီးမားပေ။

အဖြူရောင်ဝံပုလွေတို့ထံမှာတော့ Omegaနည်း
တာကြောင့် ခေါင်းဆောင်Dominant Alphaနဲ့
သူ့ဇနီး စွမ်းအားကြီးOmegaတို့ပေါင်းစပ်ပြီး
မွေးလာမည့်ကလေးကိုသာ စောင့်နေကြသည်။
ထိုကလေးက ဘာမျိုးစိတ်လေးဖြစ်မည်လဲလို့
ခန့်မှန်းကြည့်ဖို့အတွက်ပေါ့။ဘာကြောင့်ဆို
Omegaသာမွေးဖွားလာခဲ့ရင် အရမ်းစွမ်းအား
ကြီးမှာကြောင့်ဖြစ်သည်။

" ကျွန်တော့်ဇနီးအာရုံထဲ အဲ့လိုမြင်လိုက်တယ်။
ကျွန်တော်တို့တစ်ခုခုဖြစ်ခဲ့ရင် သားလေးကိုအပ်
ပါတယ်။အလုံခြုံဆုံးဖြစ်မဲ့ သူတွေကြားသာထား
ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။ "

အခန်းကျယ်ကြီးတစ်ခုတွင်တော့ ခန္ဓာကိုယ်တောင့်
တောင့်အမျိုးသားကြီးနှစ်ဦးရှိသည်။တစ်ဦးက
ဆေးလိပ်သောက်ရင်းရှိသည့် ကျန်တစ်ဦးကို
ကိစ္စတစ်ခုအကြောင်းတင်ပြရင်း ဖြူဖွေးစွတ်ပြီး
အလင်းရောင်လိုတောက်ပနေသည့် ကလေးကို
စားပွဲပေါ်သို့ချပေးရင်း တောင်းဆိုနေသည်။

" အဖြူရောင်ဝံပုလွေတွေက ကျွန်တော်တို့အပေါ်
သစ္စာရှိပြီးအကူညီတွေအများကြီးပေးခဲ့တာမို့
ကျွန်တော်တို့က ကူညီပါ့မယ်။စိတ်ထဲထားမနေဘဲ
အဆင်ပြေအောင် လုံခြုံတဲ့နေရာထားပေးမယ်။ "

ENERMIES WITH BENEFITS Where stories live. Discover now