Chapter - 5 [ Zawgyi ]

132 6 2
                                    

Alphaကြီးကင်မ်ထယ်ယောင်းက ဂျွန်ငယ်နဲ့တွေ့ဖို့ချိန်းထားတာကြောင့် အပန်းဖြေအိမ်ကိုသွားရင်း
သူ့အပန်းဖြေအိမ်နားမတွေ့ခင် ဝံပုလွေအဖြူကို တွေ့လိုက်ရသည်ကြောင့် သူ့အလှလေးကိုစိတ်မချဖြစ်ရင်း ဖုန်းခဏခဏဆက်နေမိသည်။

" တောက်!ကိုယ်စိတ်မချလိုက်တာ ဂျွန်ငယ်ရာ။
ဘာလို့ဖုန်းမကိုင်ရတာလဲ။ "

အလှလေးကတော့ဖုန်းမကိုင်ဘူး။ထယ်ယောင်းက
စိတ်ပူမှုကြီးစွာဖုန်းသာ ခဏခဏခေါ်နေခဲ့တာမျိုး။
ထယ်ယောင်းဘက်က Location ပို့ထားလိုက်ပေမဲ့ ဂျွန့်ဘက်ကတော့ Seen ပြပြီးပြန်မဖြေတာတစ်ခုသာရှိသည်မို့ ထယ်ယောင်းစိတ်ပူနေရ၏။

" ဆရာ...သူ့ကြည့်ရတာမလာတော့ဘူးထင်တယ်။
ဆရာနဲ့မချိန်းဆိုခင်က သူ့မှာအရေးကြီးကိစ္စတွေ
ရှိတယ်ဆိုပြီး ပြောထားသေးလား ဆရာ။ "

သူ့တပည့်Jimmy က ကားမောင်းနေရင်းဖြင့်
ထယ်ယောင်းစိတ်ပူနေသည့်ပုံစံကိုမြင်တာကြောင့်
ကားနောက်မှန်မှကြည့်လို့ မေးလိုက်သည်။
ထယ်ယောင်းကစိတ်တိုနေတာကြောင့် ခေါင်းငြိမ့်ရင်း သူ့ကုတ်ကိုချွတ်ချလိုက်လို့နက်ကတိုင်ပါ
ဆွဲချွတ်လိုက်တာကြောင့် ရှပ်အနက်ရောင်တစ်
ထည်သာကျန်ခဲ့သည်။

" ဆရာ...အဲ့အတွင်းရေးမှူးရဲ့အိမ်ကိုသိပါတယ်။
ကျွန်တော်တို့စုံစမ်းထည်းက ရထားတာမို့ဆရာ သွားကြည့်မလား။ "

Jimmy ဘေးက နေရာမှာထိုင်နေသည့်Jamesက
သူ့ဆရာစိတ်ပူနေမှန်းသိတာကြောင့် ပြောလိုက်မှ
ထယ်ယောင်းက ဖုန်းကြည့်နေရင်းလှည့်ကြည်လာလို့စကားဆိုလိုက်သည်။အပြောင်းအလဲမြန်ပါ့။

" ဘာလို့မေးနေသေးလဲ။ငါစိတ်ပူနေရင် အဲ့နေရာ အမြန်ပို့ပေးရမှာလေ။မင်းတို့ငါ့တပည့်တွေဖြစ်ပြီး
အလိုက်မသိလိုက်တာ။ဂျွန်တစ်ခုခုဖြစ်ရင် မင်းတို့ကိုငါကိုယ်တိုင်သတ်မှာ။ "

" ဟုတ်ကဲ့...ဆရာ။ကျွန်တော်တို့တောင်းပန်ပါတယ်။ "

ထယ်ယောင်းကစိတ်တိုစွာပြောလိုက်သည်ကြောင့် Jimmyကကြောက်သည်ဖြင့် ကားကိုအရှိန်တင်လို့ ဘေးမှJames ပြသည့်လိပ်စာအတိုင်းကိုမောင်းတော့သည်။ထယ်ယောင်းစိတ်ပူနေတာတော့တကယ်မှန်သည်။

ENERMIES WITH BENEFITS Where stories live. Discover now