ဂျွန်က ထယ်ယောင်းနဲ့အတူအပေးအယူညီခဲ့ပြီးမှ ခန်းမထဲမှပြန်ထွက်လာခဲ့သည်။ထယ်ယောင်းက သူ့နဲ့ဆက်တူ ညှိပြီးသည်နှင့်ခန်းမထဲသို့ပြန်ဝင်သွားသည်။
ဂျွန်ကတော့ အသင့်ရှိသည့်သူ့အတွက်ဝိုင်းနားမှာ ရပ်ရင်း ရှန်ပိန်တစ်ခွက်ကိုယူသောက်ကာဖြင့် ပွဲရှိ ထင်းထွက်နေသည့် Alpha,နှစ်ယောက်အားပြုံး
ကြည့်နေသည်။အပြုံးတွေက မဲ့ပြုံးပြုံးနေတာ။" ဟွန်း! Alpha,တွေဆိုတော့ မာနတွေကတဖွဲသားချည်း။အင်အားကြီးတယ်ဆိုပြီး အထင်ကြီးနေတာ။ကင်မ်ထယ်ယောင်းကပိုဆိုးတယ်။ "
ဂျွန်ခပ်ရွဲ့ရွဲ့ပြောရင်း ရှန်ပိန်ကိုသောက်နေသည်။
သူကိုယ်တိုင်လည်း ပတ်ခ်ဘိုဟွန်းကိစ္စတင်မဟုတ် ကင်မ်ထယ်ယောင်းရဲ့ အကြောင်းတွေပါ ပိုသိချင်မိသည်။တနည်း အကျိုးလိုလို့ အပေးအယူလုပ်လိုက်တာမျိုး။ဂျွန်မမှားဘူး။ဂျွန်လုပ်နေသည့် အရာတိုင်းကမှန်သည်။တစ်ဖက်က True Dominant Alpha, နောက်တစ်ယောက်ကြ Dominant Alpha,ဆိုလို့ တစ်ချိန်ကြ သူစေရာဖြစ်မည့်သူတွေသာလို့ဂျွန်က သတ်မှတ်ထားသည်။
" ဂျွန်...ကိုယ်အနားယူတော့မယ်။ကိုယ့်အတွက် အခန်းသီးသန့်စီစဥ်ပေးထားတယ်မလား။ "
ဂျွန်ရှန်ပိန်သောက်နေရင်း ပတ်ခ်ဘိုဟွန်းကဘေးမှာ Omega,တစ်ယောက်အား ခါးမှဖက်ထားလို့အနား ရောက်လာပြီး စကားဆိုတော့သည်။ဂျွန်ကတော့ ရှန်ပိန်ပုလင်းကိုချရင်းဖြင့် စကားဆို၏။
" စီစဥ်ထားပြီးသားပါ။ဥက္ကဋ္ဌပတ်ခ်က အေးဆေးအနားယူရုံပါပဲ။ "
" ဟုတ်ပြီ ဂျွန်။ကိုယ်တို့သွားတော့မယ်။ဂျွန်လည်း ဒီမှာပဲနားတော့။ "
ဂျွန့်စကားကြောင့် ဘိုဟွန်းနှစ်လိုစွာဖြင့်ပြုံးရင်း သူ့ဘေးရှိ Omega,ကောင်လေးရဲ့ခါးကိုတင်းကြပ်နေ အောင်ဖက်ထားပြီး ထွက်သွားသည်။ဒါတောင် နောက်ပြန်လှည့်လို့ ဂျွန်ဝတ်ထားသည်ပုံစံလေးကို လှည့်ကြည့်သွားပါသေးသည်။ဂျွန်က တအားလှတဲ့ မာနခဲလေးကွာ။
ဥက္ကဋ္ဌပတ်ခ်ထွက်သွားတော့ ဂျွန်ကသူ့အနားမှာရပ်နေသည့် Bodyguard,ဂျင်ယောအားခေါ်လိုက် လေသည်။သည်တော့ ဂျင်ယောမှာအမြန်ပြေးလာလို့ ဂျွန်ပြောမည်ကိုနားထောင်ရသည်။
YOU ARE READING
ENERMIES WITH BENEFITS
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK AOB Type of VKOOK