Chapter - 4 [ Unicode ]

788 83 83
                                    

ထယ်ယောင်း သူ့ဒယ်ဒီအိမ်တော်အထိသွားတွေ့ပြီး အဖြူရောင်ဝံပုလွေ Omega,အကြောင်းကိုနားထောင်ရင်း အနည်းငယ်တော့အလိုမကျမှုတွေ ဖြစ်ခဲ့ရပါသည်။ဒါကြောင့်လည်း ဆက်နားထောင်ဖို့ မလိုလားတာမို့ အလုပ်ကိစ္စအကြောင်းပြလို့ဖြင့်
ထပြန်ဖို့ခွင့်တောင်းခဲ့သည်။

ထယ်ယောင်းပြန်သည်ကို ဒယ်ဒီကပန်းခြံအထိ
လိုက်ပို့ပေးသည်။ပန်းခြံနားမှာရပ်ထားသည့်
ထယ်ယောင်းရဲ့ကားထဲမဝင်ခင် ဒယ်ဒီ့ကိုသေချာနှုတ်ဆက်လို့ ကားထဲဝင်ဖို့ Jimmy,မှတံခါးဖွင့်ပေးသည်။

" သား...ဒယ်ဒီ့ကို မင်းတစ်ခုခုသိချင်ရင်လာခဲ့လို့
ရတယ်။အရေးကြီးဆုံးကတော့ သားကိုယ်တိုင်က အဲ့Omega,ငယ်လေးအကြောင်း ရအောင်စုံစမ်းရမယ်။ "

ဒယ်ဒီက ထယ်ယောင်းကားထဲဝင်လုစဲစဲစကားတစ်ခွန်းကိုတော့ ထုတ်ပြောလာခဲ့ပါသည်။အပြုံးတွေကနူးညံ့ရင်း သူ့ကိုကြည့်ပြီးတစ်ခုခုကိုကြိုမြင် နေသလိုပင်ဖြစ်သည်။

" ကျွန်တော်ပြောခဲ့ပြီးသားပါဒယ်ဒီ။ကျွန်တော်က အဲ့အဖြူရောင်Omega,အပေါ် စိတ်နဲ့တောင်အတွေးရှိမနေဘူး။ "

ထယ်ယောင်းက သူ့ဒယ်ဒီစကားကိုသဘောမကျလို့ပြန်လည်ချေပပြောလိုက်တော့ ကင်မ်ထယ်မင့်မျက်နှာအလိုမကျမှုတို့ဖြစ်သွားသည်။

" မမေ့နဲ့ သား။သူ့ရဲ့Mate,ကမင်းလို့ ဒယ်ဒီကပြောပြထားတယ်။အကယ်လို့ သားစိတ်မဝင်စားရင် သူ့ကိုတော့ရှာပါ။အခုမှဒယ်ဒီသတိရလာတယ်။သူ့မှာ ထင်ရှားတဲ့အရာတစ်ခုရှိနေတယ်။ဘာလဲဆိုတာ
ဒယ်ဒီ့သိပ်မမှတ်မိဘူး။ "

" မမှတ်ပါဘဲ အရိပ်အကဲပြောပြယုံနဲ့ကျွန်တော် နားလည်မယ်မထင်ဘူး။ "

ထယ်ယောင်းကပြောရင်း ကားပေါ်တက်သွားတော့သည်။ထွက်သွားသည့်ကားတွေကိုကြည့်လို့ထယ်ယောင်းအဖေကတော့ သူ့သားအစားပင်
သက်ပြင်းတစ်ချချသာရှိတော့သည်။Omega,က သူ့သားအား Mate,အဖြစ်သတ်မှတ်ထားတာမို့ ထိုOmega,နဲ့သာပေါင်းဖက်စေချင်သည်။ဘာလို့ဆို စွမ်းအားရှိတဲ့ကလေးကမွေးဖွားလာမည်မဟုတ်လား။

တစ်ဖက်ကထယ်ယောင်းမှာတော့ ကားပေါ်မှာအတွေးများနေသည်။ကိုယ်တိုင်စိတ်ရှုပ်နေတာမို့
ခပ်တင်းတင်းချည်ထားသည့် နက်ကတိုင်ကိုလည်း ဖြည်ချလိုက်ပြီး အနောက်ကိုခပ်လျောလျောမှီလို့
မျက်ဝန်းတို့ပိတ်ထားလိုက်ကာအနားယူနေရင်းဖြင့်
ရှေ့ကနှစ်ယောက်အား စကားဆိုလိုက်သည်။

ENERMIES WITH BENEFITS Where stories live. Discover now