ဆဲတာလေးတွေပါမယ်နော် 🚨အဆင်ပြေရင်ဖတ်ကြပါ
Ping
''အား!!!!!!''pingတယောက်နာကျင်စွာနိုးထလာတယ်။
သူအခုထိညက အဖြစ်ပျက်တွေကို လက်တွေ့လား အိမ်မက်လား မနဲခွဲခြားနေရတယ်။[ကျနော့်ကိုလွတ်ခများကဘယ်သူလဲ အွတ်.]
ရုတ်တရက်ရလာတဲ့ မှတ်ဉာဏ်တွေကြောင့် ping ကိုယ်လေး တုန်ခနဲ ဖြစ်သွားတယ်
အခုမှသတိရပြီး အခန်းကိုလည့်ပတ်ကြည့်လိုက်တော့ သူ့အခန်းဖြစ်နေလို့ သက်ပြင်းချနိုင်သွားတယ်
ညက အရက်ရှိန်ကြောင့် ခေါင်းတွေမတရားကိုက်နေပြီး တကိုယ်လုံးလဲ ကိုင်ပေါက်ခံထားရသလိုနာကျင်နေတယ်။
ping
''အား တကယ်ပါပဲ မနေ့ညက မှတ်ဉာဏ်တွေ ဘယ်မှာကျန်ခဲ့တာလဲ''ping သန့်စင်ခန်းဝင်ပြီး ရေချိုးမလို့ အင်္ကျီ ချွတ်လိုက်ချိန် မှန်ရှေ့ပေါ်လာတဲ့
အရာကြောင့် ဖျားချင်သွားတယ်။သူ့ကိုယ်ပေါ်မှာ ညိုမည်းဆွဲနေတဲ့အကွက်တွေနဲ့ နောက်ဆုံသူ့ကို မျက်လုံးပြူးသွားစေတာက လည်ပင်းပေါ်က အနီရောင်အကြောင်းကြီးတွေ
san: ဟဲဟဲ...အတွေးတွေမမှောင်နဲ့အုံးနော်🌚
ping မယုံနိုင်စွာ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်ရင်း တဖြေးဖြေးပေါ်လာတဲ့ မှတ်ဉာဏ်တွေ ကြောင့် ကြောက်လန့်ကာ သန့်စင်ခန်းထဲက အမြန်ထွက်ပြီး အပေါ်ခံ၊ ဖုန်းနဲ့ ကားသော့ကိုယူပြီး အခန်းထဲက ပြေးထွက်သွားတယ်။
ကြောက်ကြောက်နဲ့မောင်းလာတာ လက်တွေကတုန်နေပြီး ကားအရှိန်ကလဲမြန်နေတယ်။
နောက်ဆုံး အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ james ရဲ့ ကွန်ဒိုဆီ ရောက်သွားတယ်။အခန်းတခါးကို ပြင်းပြင်းခေါက်နေပြီး ပြေးလာတဲ့တွက် မောဟိုက်နေကာအသက်ကိုမြန်မြန်ရူနေရတယ်။
တခါးဖွင့်လာတဲ့ james ကတော့ အခုထိမပွင့်သေးတဲ့ မျက်လုံးတွေနဲ့ ping ကိုကြည့်နေတယ်။ ping လဲ နောက်ကျောမလုံးသလိုခံစားရတာနဲ့ james ကို ကျော်ပြီး အခန်းထဲပြေးဝင်သွားတယ်။ james ကတော့ အစောကြီးလာပြီး ဘာမှမပြောပဲ သူ့အခန်းထဲပြေးဝင်သွားတဲ့ ping ကိုနားမလည်စွာ ကြည့်နေတယ်။
YOU ARE READING
"You Are My Light"💞💕
Actionမှော်ဆန်ဆန် ရေးမဲ့ fic လေးပါ လူသားမျိုးနွယ် နဲ့ နတ်မျိုးနွယ် ကြားက အရှုပ်ထုတ်တွေနဲ့ ပေါက်ဖွားလာမဲ့သံယောဇဉ်အချစ်ကြိုးတွေ ရဲ့အကြေdktttttttttာင်းလေးပါ😘😘😊😊