သတ်ပုံမှားရင် ခွေးလွတ်😎😎😁😁
''ယွန်း''
''ယွန်း'' နယ်မြေဆိုတာ L ကမ္ဘာမှာ ရှိတဲ့ အဆင့်မြင့် L နတ်သားတွေနဲ့ နိုင်ငံ့ခေါင်းဆောင် တွေနေထိုင်တဲ့ စည်ကားတဲ့နေရာဖြစ်တယ်။
Meen မြို့လည်ခေါင်ကို ဖြတ်ကျော်လာပြီး တဲ့နောက်မှာ လူသူသိပ်မစည်ကားပဲ ခြံအကျယ်ကြီးတွေနဲ့ ဇိမ်ရှိရှိနေထိုင်တဲ့ နေရာကိုရောက်လာတယ်။Meen အဖြူရောင် ဂိတ်တခါးတခုရှေ့ရပ်လိုက်နဲ့ချိန် တခါးကပွင့်လာပြီး အထဲမှာ ပန်းဥယာဥ်လိုမျိုး ခြံအပြည့်ပန်းတွေစိုက်ထားကာ ရေဗန်းအမျိုးမျိုးနဲ့ အလှဆင်ထားတဲ့ ခြံအကျယ်ကြီးတခုရှိတယ်။
အဲ့အလယ်မှာ အဖြူနဲ့အမည်းရောစပ်ကာ တည်ဆောက်ထားတဲ့ စံအိမ်တော်ကြီးတခုရှိတယ်။ ထိုစံအိမ်တော်ဟာ အနဲငယ်ရှေးဟောင်းဆန်ပင်မဲ့ အခုထိအရှိန်ဝါကတော့မကျသေးဘူး။ အပြင်ပန်းကဘယ်လောက်ပဲလှနေပါစေ စံအိမ်တော်ကိုမြင်သူတိုင်းဟာ အထီးကျန်မှု့ကိုခံစားရတယ် ။
လွန်ခဲ့သော 10နှစ်က နွေးထွေးမှု့အပြည့်ရှိတဲ့ မိသားစုလေးကြောင့် စိုပြေနေတဲ့အိမ်တော်ဟာ အခုတော့အထီးကျန်စရာ လွမ်းမောစရာတွေနဲ့ပြည့်နပ်နေပြီ။ Meen အိမ်တော်ကြီးကို ကြည့်ပြီး မျက်ဝန်းထဲမှာ လွန်ခဲ့သော 10နှစ်ကအမှတ်တရတွေကြောင့် မျက်ရည်များစို့တက်လာတယ် တချိန်ထဲမှာပဲလွန်ခဲ့သော 10နှစ်က အမှတ်တရဆိုးတွေကြောင့် မျက်နှာဟာခက်ထန်လာပြီးအံကျိတ်ကာ မျက်ရည်များကို ဒေါသအဖြစ်ပြောင်းလဲသွားစေတယ်။ ထိုအချိန် ဝရန်ဒါက ထွက်လာတဲ့ HL လူသားကြောင့် ပိုပြီးအေးစက်သွားတယ် ထိုသူကတော့....
''သခင်လေး...သခင်လေး ဟုတ်တယ်မလား''
Meen ဝရန်ဒါက လူကိုကြည့်နေချိန် သူ့ဆီပြေးလာပြီး မျက်ရည်များနဲ့ မယုံကြည်နိုင်စွာမေးနေတဲ့ အမျိုးသမီးတယောကို မြင်လိုက်ရတယ်။ သူမကတော့...
meen
''အထိန်းတော်ဂျန်.... ''ဟုတ်ပါတယ် meen ရှေ့မှာ ရပ်နေတဲ့ အမျိုးသမီးက အထိန်းတော်ဂျန်ပါ။ meen မွေးကတည်းက ပြုစုလာခဲ့တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးက အခုထိလှနေတုန်းပါပဲ အသက်30ကျော်လာပြီရင်တဲ့ သူမဟာ အန္ဒြေရှိတဲ့အမျိုးသမီးတယောက်လို တည်ငြိမ်ကာရင့်ကျပ်တဲ့ပုံပေါ်လွင်နေတယ်။ သူမက L ကမ္ဘာ မှာ နေထိုင်တဲ့ N တယောက်ဖြစ်တယ်။
YOU ARE READING
"You Are My Light"💞💕
Acciónမှော်ဆန်ဆန် ရေးမဲ့ fic လေးပါ လူသားမျိုးနွယ် နဲ့ နတ်မျိုးနွယ် ကြားက အရှုပ်ထုတ်တွေနဲ့ ပေါက်ဖွားလာမဲ့သံယောဇဉ်အချစ်ကြိုးတွေ ရဲ့အကြေdktttttttttာင်းလေးပါ😘😘😊😊