L=Light နတ်သား or စွမ်းအားရှင်
D=Dark နတ်သား or မိစ္ဆာ / နတ်ဆိုး
HL= Heart Line တံဆိပ်ပိုင်ရှင် or လူတ
ပိုင်းနတ်တပိုင်း
N=လူသား**
အေးချမ်းခဲ့တဲ့တချိန်က.....
နတ်ညီနောင်ဖြစ်တဲ့ Light နဲ့ Dark တို့ဟာ အရမ်းချစ်ကြတဲ့ ညီကိုတွေဖြစ်ခဲ့ကြတယ်။
ကိစ္စတချို့မရှိခင်ထိပေါ့ သူတို့ညီကိုတွေမှာ Light က အကိုကြီးဖြစ်ပြီး Dark ကတော့အငယ်ဖြစ်တယ် တနေ့မှာညီကိုချင်းအကြီးကျယ်နားလည်မှု့ကွဲလွဲခဲ့ပြီး သွေးကွဲသွားကာမပြီးဆုံးနိုင်တဲ့ရန်ပွဲတွေဖြစ်ခဲ့ကြတယ်။
တချိန်ကချစ်ခဲ့သလောက်မုန်းသွားတဲ့ချိန်မှာလဲ ဘယ်သူ့ဘက်ကမှအလျှော့မပေးကြပဲ သရေသရေဖြစ်နေတဲ့တိုက်ပွဲတွေကိုဆက်တိုက်ခဲ့ကြတယ်။သူတို့လက်ထပ်မှာပဲမဟုတ်ပဲ နောင်လာနောင်သားမျိုးဆက်တွေထိ ထိုအမုန်းတရားဟာကူးစက်သွားတယ်။ အတူနေလို့မရတော့တဲ့အခြေနေကြောင့် မိုးကောင်းကင်ဟာ တရားစီရင်ချက်ချမှတ်ကာ Dark နတ်မျိုးတွေကို ကောင်းကင်ကနေနှင်ချလိုက်တယ် ဒါဟာDark တွေကို အမုန်းတရားပိုပွားသွားစေကာ မစီမဆိုင်တဲ့သဘာဝကြီးပေါ်ပုံချခဲ့တယ်။ အဲ့နေ့ကစပြီး Dark တွေဟာ ကမ္ဘာသီးသန့်တခုလုပ်ကာ နေထိုင်ပြီး Light တွေကလဲ သီးသန့်နေထိုင်ကြတော့တယ် ရန်ပွဲတွေဟာခနတာတော့ ငြိမ်သွားတာပေါ့ ဒါမဲ့မိုးကောင်းကင်ဟာ ကမ္ဘာသစ်တခုကိုဖန်ဆင်းပြီး သူတို့နဲ့မတူတဲ့ကွဲ ပြားတဲ့မျိုးဆက်တခုကိုဖန်ဆင်းလိုက်တဲ့ချိန်မှာ ရန်သူပါးဖြစ်တဲ့ L နဲ့ D တွေဟာ ထိုမျိုးဆက်ပေါ်အာရုံရောက်လာကြတယ်။
ထိုကမ္ဘာထဲမှာ သာမန်လူသားတွေနေထိုင်ကြပြီး L ကမ္ဘာနဲ့ D ကမ္ဘာတွေထက်ပိုစိတ်ဝင်စားစရာတွေရှိလာတယ် ။ L တွေနဲ့ D တွေဟာရုပ်ဖျက်ပြီး ထိုလူ့ကမ္ဘာကိုစူးစမ်းတဲ့အနေနဲ့သွားရောက်ကြတယ်။ အစပိုင်းမှာတော့ လူတွေနဲ့သဟဇာသ ဖြစ်ကြတယ်။ နောက်ပိုင်းD တွေဟာ လူတွေပေါ်လိုချင်တမက်မှု့တွေများလာပြီး စပြီးပြန်ပေးဆွဲနိပ်ဆက်ရမ်းကားလာကြတယ်။ ဒါတွေကို L တွေကတားဆီးပြီး တိုက်ခိုက်လာတဲ့အချိန်မှာ အရင်ကအမုန်းတွေဟာပြန်ပြီးအသက်ဝင်လာတယ်။ Dark တွေဟာ L တွေကိုမကျေနပ်သမျှ လူသားတွေပေါ်ပုံချပြီး အမဲဖျက်လာကြတယ်။
YOU ARE READING
"You Are My Light"💞💕
Acciónမှော်ဆန်ဆန် ရေးမဲ့ fic လေးပါ လူသားမျိုးနွယ် နဲ့ နတ်မျိုးနွယ် ကြားက အရှုပ်ထုတ်တွေနဲ့ ပေါက်ဖွားလာမဲ့သံယောဇဉ်အချစ်ကြိုးတွေ ရဲ့အကြေdktttttttttာင်းလေးပါ😘😘😊😊