Part 3 : Thank you, Master
"… Milia?"
"…"
ကုတင်ဘေးမှာ ထိုင်ရင်းအိပ်ပျော်နေတဲ့ သူမကို တွေ့လိုက်ရတော့ သူအတည်ပြုသလိုလေး ခေါ်ကြည့်မိလိုက်ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံရတဲ့သူမက ထူးမလာပေ။ အခန်းထဲ အပူပေးစက်ဖွင့်ထားပေမယ့် အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေဆဲပင်။ ဒါတောင် သူမက အနွေးထည်တောင် မဝတ်ဘဲ သူ့ဘေးနား အိပ်ပျော်နေသည်။
သက်ပြင်းခပ်ဖွဖွချရင်း နဖူးပေါ်က ရေပတ်ဝတ်ကို ဖယ်လိုက်ပြီး သူခြုံထားတဲ့စောင်ကို သူမပေါ်လွှမ်းပေးဖို့ ကြိုးစားလိုက်သည်။"အ…အာ့… Mi…Milia… ငါ… ငါ…"
ရုတ်တရတ်ပွင့်လာတဲ့ သူမမျက်လုံးတွေက သူ့ကိုစူးစူးရဲရဲစိုက်ကြည့်လို့… သူမပုခုံးပေါ်ရောက်လုဆဲဆဲ သူ့လက်က ဆွဲလိမ်ဖမ်းချုပ်ခံလိုက်ရတာမို့ ထိုလက်တစ်ဖက်ထဲကစောင်က ကြမ်းပြင်ပေါ်ကို လျှောကျသွားသည်။
"ထပ်ပြီး နင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ??"
ဆွဲလိမ်ခံထားရတဲ့လက်တစ်ဖက်ရဲ့နာကျင်မှုကြောင့်သူ့မျက်နှာက အနည်းငယ် ရှုံ့တွလျက် ခပ်တိုးတိုးပြောလာသည်။
"ငါ… မင်းကို စောင်ခြုံပေးချင်ရုံလေးပါ…"
သူမမျက်ခုံးတွေက တွန့်ကွေးသွားရင်း ကြမ်းပြင်ပေါ်ပုံကျနေတဲ့ စောင်တစ်ဖက်ဆီ အကြည့်ရောက်သွားတော့ သူ့လက်ကို လွှတ်ပေးလိုက်သည်။
"…ငါ… ဗိုက် ဆာ တယ်"
တိုးတိုးမှတိုးတိုးကလေးပြောလာပုံက မဝံ့မရဲ…
"အင်း"
သူမအသံတစ်ချက်ပြုရင်း ထထွက်သွားတော့ သူ့ခေါင်းမော့လာသည်။ အစားစားခွင့်မပေးခင် သူ့ကိုတစ်ခုခုနှိပ်စက်ဦးမယ်ထင်နေခဲ့တာ… အင်း??? ဒါပဲလား? သူတစ်ခုခုတောင်းဆိုမိတိုင်း သူ့မှာ ဘာမှတောင်းဆိုပိုင်ခွင့်မရှိကြောင်း ပြောရင်း သူ့ကို အမျိုးမျိုးနှိပ်စက်တတ်တဲ့သူမပုံစံကို သူကျင့်သားပင်ရနေခဲ့ပြီ… သူတကယ်ကို ဗိုက်ဆာလွန်းလို့အပြင် သူမရှေ့ကနေလည်း ထမထွက်သွားရဲတာကြောင့်သာ သူမကို တောင်းဆိုလိုက်ရခြင်းသာ… ဒီနေရာမှာ သူမခွင့်ပြုခြင်းမရှိဘဲ သူလုပ်နိုင်တာ ဘာမှမရှိဘူးလေ
![](https://img.wattpad.com/cover/366051712-288-k781913.jpg)
YOU ARE READING
Would U Dare To Cheat Me Again?
Fantasyအရာအားလုံးက နင့်ကြောင့်ဖြစ်လာတာပဲ... တစ်ယောက်ယောက်ကို အပြစ်တင်မယ်ဆို နင့်ကိုယ်နင်ပဲ အပြစ်တင်လိုက်! အခုရော ဘယ်လိုလဲ... ငါ့အပေါ်ဖောက်ပြန်ရဲသေးလား ဟမ်?