05

121 8 0
                                    

Part 5 : A trip to G Country

"Orion… ငါနဲ့ခဏလိုက်ခဲ့… ငါနင့်ကိုပြောစရာရှိတယ်"

ပန်းကန်တွေဆေးပြီးသွားတဲ့ Orionက အေပရွန်ကို ဖြုတ်နေရင်း သူမကိုဖြည်းညင်းစွာ လှည့်ကြည့်လာသည်။

"ငါသိပြီ"

ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတဲ့ သူမနားကို သူငြိမ်ငြိမ်သွားရပ်လိုက်တော့ သူမက သူ့လက်ကနေဆွဲပြီး ထိုင်ကျသွားစေသည်။

"ထိုင်… ငါနင့်ကိုမော့ကြည့်မနေနိုင်ဘူး"

"…"

တိတ်ဆိတ်စွာ ထိုင်နေသူက အရုပ်တစ်ရုပ်အလား…

"ငါမနက်ဖြန် အလုပ်ကိစ္စခရီးသွားဖို့ ရှိတယ်… Gနိုင်ငံကို"

ဘာစကားမှပြန်မပြောပေမယ့် သူက သူမကို စူးစမ်းသလိုကြည့်လာသည်။

"အဟမ်း… အလုပ်ကိစ္စဆိုတာထက် တကယ်တော့ ငါလည်း အနားယူချင်လို့… အဲ့က စံအိမ်ကို ငါသဘောကျတယ်လေ"

သူမက အနားယူချင်ပြီဆို Gနိုင်ငံက စံအိမ်ဆီသွားလေ့ရှိတာ သူကြိမ်းသေသိတာပေါ့… သူလည်း အဲ့ဘက်နိုင်ငံရဲ့နွေးထွေးတဲ့ရာသီဥတုကို သဘောကျခဲ့သည်။

"အဲ့ဒါက ထားပါ… ခရီးသွားဖို့ရှိတယ်လို့ နင့်ကို အသိပေးတာ… ဒါပဲ… နင်လုပ်စရာရှိတာ လုပ်တော့"

သူက ဘာပြောရမှန်းမသိစွာ ခေါင်းငြိမ့်လိုက်ပြီး

"သိပါပြီ"

သူထသွားတာနဲ့ သူမလည်း အခန်းထဲဝင်ပြီး Luggage ကို ယူကာ လိုတာအကုန် စဉ်းစားပြီးထည့်လိုက်သည်။ နောက်ပြီး Orionနဲ့ အတူကစားဖို့ သူမဝယ်ထားတဲ့ SM ပစ္စည်းတချို့ကိုပါ သေချာထည့်လိုက်သည်။

(A/N : SM ပစ္စည်းတွေက BDSM sexမှာ အသုံးပြုတဲ့ toyတွေပါ ^ ~ ^ U know what i mean, right?🌚)

အစကတော့ သူမခရီးသွားဖို့ အစီအစဉ်မရှိခဲ့… ဒါပေမယ့် ပြတင်းပေါက်နား အိပ်ပျော်နေတဲ့ အထီးကျန်နေသလို Orionရဲ့ ပုံရိပ်လေးက သူမကို စိတ်မပျော်အောင်လုပ်နေသည်။ ဒါကြောင့် နေရာအသစ်အဆန်းလေးမှာ Orionကို ကစားတာလည်း သိပ်မဆိုးတဲ့အကြံပဲလေ… ဒါက Orionကြောင့်မဟုတ်ဘူး သူမက ဒီအတိုင်း အသစ်အဆန်းဖြစ်ချင်နေရုံပဲ…

Would U Dare To Cheat Me Again?Where stories live. Discover now