LOVE IN THINGYAN-1

1.7K 55 8
                                    

(Uni)

"သားရေ အတာဦး အိမ်ရှေ့မှာ ပိတောက်ပန်း
တွေပွင့်နေပြီး မေမေ့ကို ခူးပေးပါလားကွယ်
ဘုရားပန်းလေးကပ်ချင်လို့"

"ဟုတ်​ လာပြီး"

ဆင်ဆွယ်ရောင်ဘောင်းဘီတိုန့ဲအမဲရောင်တီရှပ်
ကိုတွဲဝတ်ထားတ့ဲ သား​လေးအတာဦးက အသား
ဖြူ​တော့ ကြည့်​ကောင်းလွန်း​နေသည်။သွားတတ်
​လေးန့ဲ ပါးချိုင့်​လေးက သူ့အ​ဖေန့ဲတစ်ပုံစံထဲပဲ။
ဘာလိုလိုန့ဲမနက်ဖြန် သင်္ကြန်အကြိုနေ့ရောက်
တော့မှာပဲ ။

"​မေ​မေ ​ခေါင်းရင်းခြံကိုလူသစ်​တွေ​ပြောင်းလာတာလား"

"ဟုတ်တယ်သားရ့ဲ မနက်ကတောင် အ့ဲဘက်ခြံ
က ​ကောင်မ​လေး မုန့်ဟင်းခါးလာပို့သွား​သေး
တယ် ချစ်စရာ​လေးကွယ် ​မေ​မေ့သားန့ဲဆို အရမ်း
လိုက်ဖက်နေမှာပဲ"

"​​မေ​မေ​​ဗျာ လုပ်​တော့မယ် "

ဘယ်မိန်းကလေးကိုမှ မချိီးကျူးဖူးတ့ဲမေမေက
ခေါင်းရင်းခြံက မိန်းက​လေးကိုမြင်မြင်ချင်း သား
ဖြစ်သူန့ဲပါသ​ဘောတူ​နေတယ်ဆို​တော့ ဒီမိန်းက​လေးက ရိုးရိုးယဉ်ယဉ်​လေးန့ဲနန်းဆန်တ့ဲသူ​လေးပဲ
ဖြစ်ရမယ် အတွေးတွေကိုလက်စဖြတ်ကာ
ပိတောက်ပန်းခူးဖို့ အပင်ပေါ်တက်လိုက်သည်။

ပိတောက်ပင်က အရမ်းအမြင့်ကြီးမဟုတ်ပဲ
အကိုင်းခတ်တွေများတော့ တက်ခူးရလွယ်သည်။
လက်န့ဲတစ်ပွေ့လောက် ခူးပြီးပြန်ဆင်းခ့ဲကာ
မေ့မေ့လက်ထဲ ပိတောက်ပန်းတွေထည့်ပေးလိုက်
သည်။

"​ရော့ ဒီပိတောက်ပန်းတစ်ဝက်ကို ဟိုဘက်
အိမ်က ကောင်မလေးကိုသွားပို့ပေးလိုက်"

"ဟာဗျာ မသွားချင်ပါဘူးမေမေရာ သားန့ဲလည်း
မသိပဲန့ဲ မိန်းကလေးတစ်ယောက်ကို ပန်းသွား
ပေးတော့ တစ်မျိုးထင်သွားမှာပေါ့ဗျာ ပြီးတော့
သူစိမ်းတွေန့ဲစကားမပြောချင်ဘူး မပက်သက်ချင်
ဘူး ​မေ​မေသိပါတယ်"

"မေမေ ပေးခိုင်းလိုက်တာလို့ပြောလိုက်ပေါ့ သွား
ပါသားရယ် သားလိုချင်တ့ဲ စန္ဒယားမေမေဝယ်
ပေးမယ်လေ"

"လူကြီးဆိုတာ ပြောပြီးကတိတည်ရမယ်"

"ဟော မေမေ​ပြောရင်​ပြောတ့ဲအတိုင်းမလုပ်
​ပေးလို့လား​ပြော"

Love in ThingyanWhere stories live. Discover now