LOVE IN THINGYAN-2

337 26 1
                                    

(Uni)

သင်္ကြန်အကျ​နေ့.....

      အပေါ်အောက် အနက်ရောင် ဘောင်းဘီ
တိုန့ဲ တီရှပ်ပွပွလေးကိုဝတ်ကာ ဆံနွယ်တွေကို
မှန်ရှေ့ကြည့်ပြီး ဂျယ်န့ဲသလိုက်သည်။ရေမွှေး
နေရာအနှံ့ဖြန်းလိုက်ပြီး ပြုံးလိုက်သည်။
စိတ်ကျေနပ်လောက်တ့ဲ အနေထားလောက်ရောက်တော့မှ အောက်ထပ်ကိုပြေးဆင်းသွားပြီး
လူကြီးရ့ဲအိမ်ကိုခြေဦးလှည့်ရတော့မည်။

"မေမေရေ သားဟိုဘက်အိမ်မှာ မုန့်လုံးရေပေါ်
သွားဝိုင်းကူလုပ်ပေးလိုက်အုံးမယ် သွားပြီးနော်"

မေမေ့ဆီကနေ ပြန်ပြောလာမ့ဲအသံတောင်မ
စောင့်နိုင်တော့ဘူး လူကြီးကိုလွမ်းလှပြီးလေ

ခြံရှေ့လည်းရောက်ရော အပြင်ထွက်လာတ့ဲ
လူကြီးန့ဲတန်းတိုးတော့သည်။ ထုံစံတိုင်း ရှပ်အဖြူ
လေးန့ဲ လုံချည်လေးပါပဲ ဘယ်ချိ်န်ကြည့်ကြည့်
လူကြီးက ရိုးရိုးလေးန့ဲရင်ထဲ နှလုံးသားလေးကို
အမြဲလှုပ်ခတ်စေသည်။

"ရောက်လာပြီးလာကောင်လေး ကိုယ်ကအခုပဲ
လာခေါ်တော့မလို့ "

"အတာ ​နောက်ကျသွားပြီးလား"

"နောက်မကျပါဘူး မနက်က သျှင်ဘုန်း အုန်း
သီးလိုက်ဝယ်တာဘယ်မှာမှ မရဘူးဖြစ်နေတာ
ပြီးတော့ ကိုယ်တို့ကအခုမှ ပြောင်းလာတ့ဲသူတွေ
ဆိုတော့ ဘယ်နားမှာဘာရမှန်းမသိဘူးလေ အ့ဲဒါ
ကောင်လေးများသိမလားလို့"

"အုန်းသီး! သင်္ကြန်တွင်းမုန့်လုံးရေပေါ်လုပ်တ့ဲ
သူတွေများနေလို့ အုန်သီးတွေဝယ်ရခက်နေတာ
နေမှာ အတာရ့ဲသူငယ်ချင်းအိမ်မှာ အုန်းပင်ရှိ
တယ် "

"ဝယ်လို့ရမလား! ကူညီပေးပါအုံးကောင်လေး"

"အတာပြောရင် ဘယ်အရာမှမရဘူးဆိုတာမရှိ
​စေရဘူး"

"အ့ဲတာဆိုခနစောင့် ကိုယ်ကားသွားယူ.."

"မယူန့ဲတော့ ဒီတစ်လမ်းကျော်လေးမှာပဲ လမ်း
လျှောက်သွားမယ်လေ လူကြီးန့ဲအတူတူလမ်း
ယှဉ်လျှောက်ချင်လို့"

"ဟုတ်ပါပြီးဗျာ "

နှစ်ယောက်သား စကားလေးပြောရင်း လမ်း
လျှောက်ထွက်ဖြစ်ခ့ဲကြသည်။

Love in ThingyanWhere stories live. Discover now