(Uni)
"သားရေ အတာဦး အိမ်ရှေ့မှာ ပိတောက်ပန်း
တွေပွင့်နေပြီး မေမေ့ကို ခူးပေးပါလားကွယ်
ဘုရားပန်းလေးကပ်ချင်လို့""ဟုတ် လာပြီး"
ဆင်ဆွယ်ရောင်ဘောင်းဘီတိုန့ဲအမဲရောင်တီရှပ်
ကိုတွဲဝတ်ထားတ့ဲ သားလေးအတာဦးက အသား
ဖြူတော့ ကြည့်ကောင်းလွန်းနေသည်။သွားတတ်
လေးန့ဲ ပါးချိုင့်လေးက သူ့အဖေန့ဲတစ်ပုံစံထဲပဲ။
ဘာလိုလိုန့ဲမနက်ဖြန် သင်္ကြန်အကြိုနေ့ရောက်
တော့မှာပဲ ။"မေမေ ခေါင်းရင်းခြံကိုလူသစ်တွေပြောင်းလာတာလား"
"ဟုတ်တယ်သားရ့ဲ မနက်ကတောင် အ့ဲဘက်ခြံ
က ကောင်မလေး မုန့်ဟင်းခါးလာပို့သွားသေး
တယ် ချစ်စရာလေးကွယ် မေမေ့သားန့ဲဆို အရမ်း
လိုက်ဖက်နေမှာပဲ""မေမေဗျာ လုပ်တော့မယ် "
ဘယ်မိန်းကလေးကိုမှ မချိီးကျူးဖူးတ့ဲမေမေက
ခေါင်းရင်းခြံက မိန်းကလေးကိုမြင်မြင်ချင်း သား
ဖြစ်သူန့ဲပါသဘောတူနေတယ်ဆိုတော့ ဒီမိန်းကလေးက ရိုးရိုးယဉ်ယဉ်လေးန့ဲနန်းဆန်တ့ဲသူလေးပဲ
ဖြစ်ရမယ် အတွေးတွေကိုလက်စဖြတ်ကာ
ပိတောက်ပန်းခူးဖို့ အပင်ပေါ်တက်လိုက်သည်။ပိတောက်ပင်က အရမ်းအမြင့်ကြီးမဟုတ်ပဲ
အကိုင်းခတ်တွေများတော့ တက်ခူးရလွယ်သည်။
လက်န့ဲတစ်ပွေ့လောက် ခူးပြီးပြန်ဆင်းခ့ဲကာ
မေ့မေ့လက်ထဲ ပိတောက်ပန်းတွေထည့်ပေးလိုက်
သည်။"ရော့ ဒီပိတောက်ပန်းတစ်ဝက်ကို ဟိုဘက်
အိမ်က ကောင်မလေးကိုသွားပို့ပေးလိုက်""ဟာဗျာ မသွားချင်ပါဘူးမေမေရာ သားန့ဲလည်း
မသိပဲန့ဲ မိန်းကလေးတစ်ယောက်ကို ပန်းသွား
ပေးတော့ တစ်မျိုးထင်သွားမှာပေါ့ဗျာ ပြီးတော့
သူစိမ်းတွေန့ဲစကားမပြောချင်ဘူး မပက်သက်ချင်
ဘူး မေမေသိပါတယ်""မေမေ ပေးခိုင်းလိုက်တာလို့ပြောလိုက်ပေါ့ သွား
ပါသားရယ် သားလိုချင်တ့ဲ စန္ဒယားမေမေဝယ်
ပေးမယ်လေ""လူကြီးဆိုတာ ပြောပြီးကတိတည်ရမယ်"
"ဟော မေမေပြောရင်ပြောတ့ဲအတိုင်းမလုပ်
ပေးလို့လားပြော"
YOU ARE READING
Love in Thingyan