(Unicode)
"(မင်း လက်ဟန် သင်္ကေတ တတ်တာလား)"
ရှောင်းကျန့် သူရှေ့က ထိုင်ခုံမှာ ဝင်ထိုင်ကာ
လက်ကို လှုပ်ရှားလိုက်တော့ ရိပေါ်က သူ လက်တွေကို စိုက်ကြည့်လာသည်။ ခဏအကြာမှ"မြန်လွန်းတယ် ခင်ဗျား လက်က နားမလည်ဘူး"
ရိပေါ် စကားကြောင့် ရှောင်းကျန့်က မျက်ခုံးကို လှလှ ပပ ပင့်လိုက်သည်။ ပြီးမှ လက်ကို မြှောက်လိုက်ကာ လက်ညိုးကို ရိပေါ်ဘက် ထိုး လိုက်ပြီး သူမေးချင်တဲ့ မေးခွန်းရဲ့ လက်ဟန်
သင်္ကေတ ကို တစ်ခုချင်း ဖြည်းညှင်းစွာ ပုံဖော်လာသည်။ရိပေါ်က ထိုလက်ကို သေချာလိုက်ကြည့် နေသည်မှာ စိတ်ပါဝင်စားစွာ..
"(မင်း)"
"မင်း..."
"(လက်ဟန် သင်္ကေတ)"
"လက်ဟန် သင်္ကေတ"
"(တတ်တာလား)"
"တတ်တာလား? ဟုတ်လား ကျွန်တော် ပြောတာ"
ရှောင်းကျန့် အံဩတကြီး မျက်လုံးပြူး ကြည့်ပြီး ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။
"အင်း ကျွန်တော် လေ့လာနေတာ"
ဝမ်ရိပေါ်က လက်ကို မြှောက်ကာ သူစာအုပ်ထဲက အတိုင်း လုပ်လိုက်ရင်း ပါးစပ်ကလည်း လိုက်ပြောလိုက်သည်။
"အခု လုပ်တာ မှန်လား?"
ရှောင်းကျန့် ခေါင်းငြိမ့်ပြလိုက်ရင်း..
"(မှန်တယ် ဒါပေမဲ့ ဘာလို့လဲ)"
"ဘာကလဲ"
"(ဘာလို့ လေ့လာနေတာလဲ)"
"ကျွန်တော် နားမလည်တော့ဘူး ရေးပြလိုက်တော့"
ဝမ်ရိပေါ် စဉ်းစားနေပေမဲ့ ခေါင်းရှုပ်လာတာကြောင့် ထိုသို့ ပြောလိုက်သည်။ သူဆိုသည်မှာ ခေါင်းရှုပ်တာ မကြိုက်လို့ စာတောင် မလုပ်တဲ့ သူမျိုး ဒါမျိုး ခေါင်းရှုပ်မခံနိုင်ပေ..။
"(မင်း ဘာလို့ လေ့လာနေတာလဲ)"
ရှောင်းကျန့် ဖုန်းထုတ်ကာ စာလုံး တစ်ချို့ ရိုက်ပြလာသည်။ ရိပေါ်က ထိုစကားလုံးတွေကို ဖတ်ကြည့်ပြီး ရှောင်းကျန့်ကို ပြန်ကြည့်လိုက်သည်။ ဘာလို့လဲ ဘာကြောင့်လဲ။ တကယ်ဆို သူလည်း အဖြေရှာလို့ မရပေ။ သူဟာ ဘာလို့
လေ့လာမိတာလဲ ဆိုတာ သူကိုယ်တိုင်ပင် မသိ။
YOU ARE READING
The Law Of Love
Fanfictionမင်းသာဆို အဆင်ပြေတယ်...။ Xiao Zhan ငါလက်ကို တွဲထား ရှောင်းကျန့်...။ Wang Yibo