Part-6

120 9 0
                                    

(Unicode)

1လကြာပြီးနောက်...

၁လ ၁လဆိုတဲ့ အချိန်အတွင်း ဝမ်ရိပေါ် ဆိုတဲ့
ဘယ်ကမှန်း မသိ နောက်ခံ ဘာမှန်း မသိ ‌နဲ့ လူဆိုးလေးက သူဘဝထဲကို တစ်ဖြည်းဖြည်း
နဲ့ တစ်လှမ်းချင်း တိုးလာခဲ့တယ်။

"ရှောင်းကျန့် ပြီးပြီလား"

ရှောင်းကျန့် တံခါးခေါက်သံကြောင့် ဘေးက ဦးထုပ်ကို ဆွဲယူလိုက်ကာ အခန်းအပြင်ကို ထွက်လိုက်သည်။

သူအပြင်ရောက်တော့ ရိပေါ်က စပို့ရှုပ်အဖြူ
ကို ဘောင်းဘီအပွလိုမျိုးနဲ့ တွဲဝတ်ထားကာ သူ
ထွက်လာတော့ ခြေဆုံးခေါင်းဆုံး ကြည့်လာပြီး
မျက်ခုံးပင့်ပြလာသည်။

ရှောင်းကျန့် သူကို သေချာ ကြည့်နေတဲ့ သူကို
လက်တွေကို အလုပ်ပေးကာ မေးလိုက်သည်။

"(ဘာလို့လဲ ငါပုံစံက တစ်မျိုးကြီး ဖြစ်နေလို့လား)"

ဝမ်ရိပေါ် သူရှေ့က စပို့ရှုပ်အဖြူပေါ် ကောင်း
ကင်ပြာရောင် လက်ရှည်အကျီ ထပ်ထားကာ
ဘောင်းဘီ ရှည် အဖြူရောင်နဲ့ သန့်ပြန့်နေတဲ့
သူကို ကြည့်ရင်း မျက်မှောင်ပိုကုတ်နေမိသည်။

တအား ကြည့်ကောင်းနေတယ်။ ဘာလို့ ဒီလူ
က အမြဲ ကြည့်ကောင်းနေတာလဲ။

ရိပေါ် သူကို အမေးစကား မေးလာတဲ့ သူကို ကြည့်ကာ လက်တွေကို သုံးကာ အဖြေတစ်ခုကို ပြောပြလိုက်သည်။သူဟာ ဒီလအတွင်း အသေအကြေ လေ့လာမှုအရ လက်ဟန် သင်္ကေတကို ထမင်းစား ရေသောက် ပြုလုပ်နိုင်လာသည်။ သူနေရာမှာ သူများဆို အဲ့လောက်အချိန် မရဘူးဆိုတဲ့ ရှောင်းကျန့်ရဲ့ အပြောနဲ့ အတူ သူကို ခပ်ပြုံးပြုံး သင်ပေးနေတဲ့ ရှောင်းကျန့်ကို ငေးကြည့်ရင်း သူဟာ စာထပ် သူ့ရှေ့က ရှောင်းကျန့်ကို ပိုစိတ်ဝင်စားခဲ့ကြောင်း
ကို ပြန်တော့ မပြောပြချင်တော့ပေ။

"(ခင်ဗျား ပန်းချီဆွဲဖို့ စိတ်ကူးရအောင် ရှုခင်းသွားကြည့်မှာ မဟုတ်ဘူးလား)"

"(ဟုတ်တယ်လေ)"

"(ဒီပုံစံနဲ့လား)"

"(ဘာလို့လဲ)"

"(ဘာမှမဖြစ်ဘူး ပုံထိုင်ဆွဲနေမဲ့ဟာကို ဘာကိစ္စ ကြည့်ကောင်းအောင် တအား ပြင်လာမှန်း မသိလို့ ခင်ဗျား တအား ကြည့်ကောင်းနေတယ်လေ)"

The Law Of LoveWhere stories live. Discover now