(Unicode)
"အက်မန် ဒီအတောတွင်း ဘာထူးသေးလဲ"
"ထူးတာကတော့ ကိုကိုကြီးက အနောက်ဘက်
ပိုင်းကို သိမ်းလိုက်နိုင်တယ်""အဲ့လိုလား အဲ့နေ့က မင်း သူဆီရောက်နေတာ
မလား"အက်မန် ခပ်အေးအေး မေးသံကြောင့် ကျော
မတ်သွားရသည်။ ဝမ်ရိပေါ် သူရဲ့ သခင်လေး
တစ်ဖြစ်လဲ သူငယ်ချင်းဖြစ်သူ အေးစက်
တယ် ဘုဂလန့်ဆန်တယ် အမိန့်တွေကြား ရုန်း
ကန်ပြီး သူမတူစွာ ရှင်သန်လာတဲ့ သူ တစ်ယောက်။ အရည်အချင်းတွေ အပြည့်နဲ့ သူတစ်ယောက်။"ငါ..."
"အက်မန် မင်းစိတ်ထဲ ဘယ်သူကို ထည့်ထည့်
စိတ်မဝင်စားဘူး ငါပေါ် သစ္စာဖောက်ရင် မင်း
က ငါအတွက် ဘယ်လို လူဖြစ်ဖြစ် စွန့်ပစ်လိုက်
ဖို့ ဝန်မလေးဘူး""......."
"ရှောင်းကျန့် သူ..."
"ငါမပြောပြထားဘူး ဘယ်သူကိုမှ..."
"ကောင်းပြီ"
ဝမ်ရိပေါ် လင်းထိန်နေတဲ့ ကြီးမားပြီး နန်းတော်
သဖွယ် အိမ်တော် ကို ကြည့်ကာ မျက်လုံးထဲ
အေးစက်တဲ့ အရိပ်အယောင် အချို့နဲ့ အသက်မဲ့မှုတွေက ပြည့်နှက်လာသည်။ကားက အက်မန်ရဲ့ နားကြပ်က သတိပေးတဲ့ အသံတစ်ချို့ ကို အကြား တံခါးချပ်တွေက တစ်ဖြည်းဖြည်း ပွင့်လာပြီး သူကို တင်ဆောင်
လာတဲ့ ကားလေးက အိမ်တော်ရဲ့ ဂိတ်ပေါက်ဝ
နေရာမှာ ရပ်တန့်သွား၏။ကားတံခါးကို ဖွင့်လိုက်ပြီး အိမ်တော်ကို ခြေချ
လိုက်တာနဲ့ ကြားလိုက်ရတဲ့ ညီညာတဲ့ နှုတ်ဆက်သံ အချို့.."ဒုတိယသခင်လေး အိမ်တော်ပြန်လာတာ ကြိုဆိုပါတယ်"
"အသုံးမလိုတဲ့ သူတွေ ထွက်သွား!"
အေးစက်စက် အသံအဆုံး ခေါင်းငုံနေတဲ့ လူအချို့ရဲ့ ခန္ဓာကိုယ်တွေက တုန်ယင်သွားသည်။
သူတို့ရှေ့ ဦးညွှတ်နေတဲ့ အိမ်တော်ထိန်းလီရဲ့
လက်လှုပ်ရှားပြပုံကို ကြည့်ကာ သူတို့ ခြေလှမ်းတွေကို နောက်ဆုတ်လိုက်ပြီး နေရာကနေ အစေခံ အချို့က အလျိုလျို ထွက်သွားကြသည်မှာ သေမင်းနဲ့ တွေ့နေရသလို။
YOU ARE READING
The Law Of Love
Fanfictionမင်းသာဆို အဆင်ပြေတယ်...။ Xiao Zhan ငါလက်ကို တွဲထား ရှောင်းကျန့်...။ Wang Yibo