Uni
"အာ့..အွန့် အာသာ..."
ဟီနာနိုးတဲ့အခါ သူ့တစ်ကိုယ်လုံးက လှုပ်မရအောင်ပင် ကိုက်ခဲနေသည်။ မနေ့ညက ခြံထဲေသာင်းကျန်းပြီး လမ်းပင်မလျှောက်နိုင်တော့တာကြောင့် အာသာ ချီခေါ်လာခဲ့ရသည်။
"နိုးပြီလား.."
ဟီနာက လှုပ်မရဖြစ်နေပေမဲ့ အာသာက တက်ကြွလန်းဆန်းမှု အပြည့်ဖြစ်နေသည်။
"ဟင့် အရမ်းနာတယ် လှုပ်မရတော့ဘူး.."
"ကိုယ်ကြိုသိနေလို့ ဆေးယူထားတယ် မနက်စာစားပြီးရင် သောက်ရအောင်လေ..အခုမျက်နှာအရင်သစ်ရအောင် "
အာသာက အသင့်ပြင်ထားတဲ့ရေဇလုံကိုယူကာ ဟီနာမျက်နှာကိုသန့်စင်ပေးလိုက်သည်။
"မင်းနဲ့မနက်စာ အတူမစားနိုင်တော့ဘူး ကိုယ် အလုပ်ရှိသေးလို့...အစေခံယွင်ကို ခေါ်ပေးခဲ့မယ်နော်.."
"ဟုတ်ကဲ့ပါ အာသာ..ဟီနာကြောင့် အဆင်မပြေဖြစ်သွားရင်တောင်းပန်ပါတယ်.."
"ရပါတယ် ဘာမှမဖြစ်ပါဘူး ကိုယ် ညမရောက်ခင်ပြန်လာခဲ့မယ်နော်"
"ဟုတ်ကဲ့ အာသာ.."
သူနိုးတဲ့အထိစောင့်ပေးနေတဲ့ အာသာကို ဟီနာအားနာသွားရသည်။
'သူ့လိုခေါင်းဆောင်တစ်ယောက်က ငါ့ကိုဒီလို ဂရုစိုက်ပေးနေတာနဲ့တင် တော်လောက်ပြီ ဟီနာ အခွင့်ရေးပိုလိုချင်မနေစမ်းနဲ့'
ဟီနာသူ့ကိုယ်သူ သတိပေးလိုက်သည်။
ဟီနာစားသောက်ပြီးသည်နှင့် အစေခံလေးနဲ့ စကားပြောနေစဉ်..
"ကြင်ယာတော်ခွင့်ပြုပါ.."
"ဝင်ခဲ့ပါ အထိန်းတော်.."
အပြင်ဘက်မှ အထိန်းတော်အသံကြားလိုက်ရသည်။
"ကြင်ယာတော်ကိုလျှောက်တင်စရာရှိလို့ပါ.."
"ဟုတ်ကဲ့ပြောပါ..."
"ခေါင်းဆောင်အတွက် မိန်းကလေးကြင်ယာတော်ရွေးပေးဖို့ လိုအပ်တဲ့အကြောင်းလာလျှောက်တင်တာပါ.."
"ဟင်.."
"ဟုတ်ပါတယ် ခေါင်းဆောင်ရဲ့ မျိုးဆက်အတွက် အမျိုးသမီးကြင်ယာတော်လိုအပ်ပါတယ်.."
![](https://img.wattpad.com/cover/362408274-288-k344630.jpg)
YOU ARE READING
My Little Wife
Fantasywarning‼️‼️ married life 🖤 intersex 18+ အသားပေးမို့ မကြိုက်တဲ့သူတွေ မလာပါနဲ့ please ✖️✖️