အပိုင်း 13 Uni

537 31 8
                                    

ဓါးသံများနှင့် အချင်းချင်း တိုက်ခိုက်သံများ၊နာကျင်လွန်းသဖြင့် ထွတ်ပေါ်လာသော အသံများ အကုန်လုံးကို ချူံကြည့်လျှင် စစ်ဖြစ်ပွားနေသလိုမျိုးပင်။သို့သော် နယ်မြေသိမ်း တိုက်ပွဲမဟုတ်ဘဲ ပြည့်သူတွေစီမှ မတရားသဖြင့် လုယူတတ်သော ဓါးပြ အဓိက အဖွဲ့အစည်းကြီးနှင့် တိုင်းပြည်ရဲ့ မင်းသားဖြစ်သူ ရှောင်ကျန့်၏ တပ်သားများနှင့် တိုက်ပွဲဖြစ်နေကြခြင်းဖြစ်သည်။
အစပိုင်းတွင် ထို ဓါးပြများကို ထိန်းသိမ်းထားရုံတင် အစီစဉ်ဆွဲထားခဲ့သော်လည်း ဓါးပြခေါင်းဆောင်၏ လက်အောက်ငယ်သားတစ်စုဟာ ဤအခြင်းအရာကို သဘောမတူဘဲဖြစ်လေရာ စတင်၍ တုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် ရှောင်‌ကျန့်မှာ မတတ်သာဘဲ အသေသတ်ပြစ်ရတော့သည်။

"စစ်သူကြီး....အခုထိ ခေါင်းဆောင်ကို မမိသေးပါဘူး.."

တစ်ဦးတည်းသော အမျိုးသမီးစစ်သည် ချိုးချင်းချင်းက သတင်းပို့လေသည်။ အခုရက်တွေအတွင်း ချိုးချင်းချင်းရဲ့ ကြိုးစားမှုတွေကြောင့် ရက်အနည်းငယ်အတွင်းတွင် ဓါးပြများရဲ့ တ၀က်ကို ထိန်းသိမ်သင့်သောသူများကို ထိန်းသိမ်းကာ ထိန်းသိမ်းမခံသောသူများကို အမြစ်ပျက် ရှင်းလင်း‌လိုက်ရသည်။
ချိုးချင်းချင်း၏ လုပ်ကိုင်ပုံကိုကျိုးစစ်သူကြီးနှင့် စစ်သည်အမြောက်အများက သဘောအကျကြီး ကျနေလေ၏။
ရှောင်ကျန့်က ရက်အနည်းငယ်လောက် စောင့်ကြည့်ပြီးသည်နှင့် ညာလက်ရုံအဖြစ် ရာထူးပေးလိုက်သည်။

"ဒီကိစ္စလေးကို မင်းကိုဘဲ ဒုက္ခပေးရတော့မှာဘဲ..."

"ဟုတ် စစ်သူကြီး..ကျွန်မ တာ၀န်ကို ပြီးမြောက်အောင် ထမ်းဆောင်‌ပါ့မယ်.."

ချိုးချင်းချင်းမှ ဂါ၀ရပြုလိုက်ကာ တံခါးပေါက်ဘက် လှည့်လိုက်ပြီးမှ
ရှောင်ကျန့်ဘက် ပြည်လှည့်လာတာကြောင့် ရှောင်ကျန့်ကနေ အရင်စကားစပြောလိုက်ရသည်။

"နောက်ရက်ကျရင် ငါမြို့တော်ကိုပြန်တော့မယ်..ဒါကြောင့်လည်း..ဓါးပြခေါင်းဆောင် ကိစ္စကို..မင်းကိုတာ၀န်ပေးလိုက်ရတာဘဲ..."

"..ကျွန်မ ..စစ်သူကြီးကို..နှုတ်ဆက်ခဲ့ပါတယ်...တာ၀န်ပြီးရင်..မြို့တော်ကို လိုက်လာခဲ့မယ်..စစ်သူကြီး."

၀မ်ကိုချစ်ဖို့မွေးဖွားလာပါသည်။Where stories live. Discover now