" မင်းက ဒေးဆီအမြဲလာနေတဲ့ကောင်လေးမလား"
" ဟုတ်တယ် ဒေးကို တားပေးပါ ဘော့စ်ဂျေ"
" ဘာအတွက်တားပေးရမှာလဲ"
" ဒေးက မဖြစ်နိုင်တာတွေလုပ်နေတယ်"
" ဒီမှာ ချာတိတ် စကားကိုလိုရင်းပြော မင်းရှေ့မှာ ရှိနေတာကမင်းအကိုလေး မဟုတ်ဘူး ငါကလူမိုက်
စိတ်မရှည်ဘူး""ဒါဆိုလည်း လိုရင်းပဲပြောမယ်"
"ပြော"
"ဒေးက အကိုလေးကိုချစ်ရေးဆိုဖို့ ချဉ်းကပ်နေတယ်"
"အဲ့တာ ငါက ဘာလို့တားပေးရမှာလဲ"
"အကိုလေးကိုခများ မချစ်ဘူးလား"
"ဆရာတပည့်လို့မပြောရဘူး မင်းအကိုလေးလိုပဲ
မင်းလည်း ကြောင်တောင်တောင်နဲ့""ဘော့စ် အကိုလေးကိုတကယ်မချစ်ဘူးလား"
"ချစ်တာမချစ်တာ ငါကဘာအတွက်
မင်းကို ပြောပြနေရမှာလဲ""အကိုလေး က ခများကိုချစ်နေတယ်လေ"
"ချာတိတ် မင်းစည်းတွေကျော်နေပြီဆိုတာ သိလား"
"ကျနော်ပြောတာကိုသာ ခများနားထောင်စမ်းပါ ခများ နောင်တရရမယ့်လမ်းတွေ မရွေးပါနဲ့ "
"ငါက လူမိုက် နောင်တဆိုတာ..."
"လူမိုက်တွေ နောင်တရမိတဲ့အဖြစ်တွေက
ကမ္ဘာပြိုရခြင်းထက် ခံစားရခက်တယ်နော် ခများသိလား""ငါစောက်ဂရုမစိုက်ဘူး "
"ခများ"
"အေး မင်းတို့အကိုလေးက
ငါ့ကိုချစ်နေတယ်ဆိုရင်လာပြောခိုင်းလိုက်လေ
ငါ့အကြိုက်က မိန်းမတွေ ဆိုပေမယ့် မင်းအကိုလေးက မိန်းမတွေထက်တော့ချစ်စရာကောင်းသား
အပြောင်းအလဲလေးဖြစ်အောင် ငါကစားပေးမယ်လေ"တုန်နေအောင်ကြောက်တတ်သော လူပိန်ပိန်လေးသည် ၊ လူမိုက် ဘော့စ်ဂျေအားထိုးဖို့ကြိုးစားသည်တဲ့
"ခများမှတ်ထား ခများပဲ နောင်တရရမှာ
တန်ဖိုးမထားတတ်ခြင်းတွေအတွက်
ခများအကိုလေးကို
တယုတယတောင်းပန်ရမယ့်အဖြစ်တွေကို
ခများ မှတ်ထား""လာပြန်ပြီ ဆရာတပည့်တွေ အရာရာကိုကြိုသိနေသ လို ရှေ့ဖြစ်တွေ လာမပြောနဲ့ ငါအယုံအကြည်မရှိဘူး ပြီးတော့ တခါထဲပြောလိုက်မယ် မင်းတို့အကိုလေးကို ငါစိတ်မဝင်စားဘူး မင်းအကိုလေးက
ငါ့ကိုချစ်နေတယ်ဆိုရင်ဘာလို့ဒေးချဉ်းကပ်တာကို
မင်းက တုန်လှုပ်နေရသလဲ "
YOU ARE READING
To The Guest (ဧည့်သည်သို့.....)
أدب الهواة"ကျနော်က အကို့အတွက် ဘယ်လိုဖြစ်တည်မူလဲ" "ဧည့်သည်" ************* မီးတောက်တွေ ပြီးတော့ ပန်းချီတွေ ပြီးတော့ အနမ်းတွေ ကံကြမ္မာသည် တောင်းတမူတွေ ဆန္ဒတွေပြင်းပြလာသည့်အလျောက် တပတ်ပြန်လည်လာရတာပဲ။ မဟုတ်ဘူး ။ ပြင်းပြတဲ့ အနမ်းတွေကြောင့် အခါခါပြန်လည်နေတာကိုက ကျတ...